What's happening?

A Girl On A Bulldozer

A Girl On A Bulldozer

UnknownNot Rated
Your rating: 0
5.7 3 votes

Synopsis

A Girl On a Bulldozer

Gold Channel ပရိသတ်ကြီးအတွက် A Girl On a Bulldozer á€†á€­á€¯á€á€²á€· ကိုရီးယားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်၊

အကြောက်အလန့်မရှိဘဲ ဘာကိုမှဂရုမစိုက်တတ်တဲ့အသက်၁၉အရွယ်ကောင်မလေး ဂူဟေးယောင်း၊

သူ့ရဲ့ထူးခြားချက်ကတော့ သူ့လက်မောင်းပေါ်က လက်မောင်းအပြည့်ရှိတဲ့ တက်တူးကြီးပါ, ဒီတက်တူးကြောင့်ပဲ သူ့ကိုလူတွေကကြောက်ကြ ရွံ့ကြပါတယ်၊ သူ့အဖေဂူဘွန်ဂျင်ကတော့ ‌စားသောက်ဆိုင်ကိုဦးစီး နေတဲ့သူလို့ ဆိုပေမယ့် သိပ်ပြီးထက်ထက်မြက်မြက်မရှိသူ‌‌ပေါ့၊ နောက်ပြီး မောင်လေးတစ်ယောက်လည်းရှိပါသေးတယ်၊ဒီလိုမိသားစုသုံးယောက်ပဲ ရှိပေမယ့် နွေး‌နွေးထွေးထွေးနဲ့ ဖေးဖေးမမ ရှိတဲ့မိသားစုမျိုးတော့ မဟုတ်ပါဘူး။

ဒီလိုနဲ့ တစ်နေ့မှာ ဂူဘွန်ဂျင်က ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးတော့ အဲဒီမတော်တဆမှုကြောင့်ပဲ ကိုမာ၀င်သွားခဲ့ပါတယ်၊ဒီမ‌တော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဂူဘွန်ဂျင်က ကားခိုးပြီး မောင်းသွားရာကနေ ခိုးရာပါကားနဲ့လူကိုတိုက်မိတာပါလို့ ဆိုနေပေမယ့် အမှုကထင်သလောက်မရိုးရှင်းပါဘူး၊ ဒါပေမဲ့ အမှုမရိုးရှင်းကြောင်းကို သက်သေပြရအောင်လည်း ဂူဘွန်ဂျင်က ကိုမာ၀င်နေတဲ့အခါမှာတော့ ဂူဟေးယောင်းတစ်ယောက် သူ့နည်းသူ့ဟန်နဲ့ပဲ အမှန်တရားကိုရှာရပါတော့တယ်။

၁၉နှစ်အရွယ် ဂူဟေးယောင်း,သူ့အဖေရဲ့အမှုမှန်ကိုရအောင် ဘယ်လိုဖော်ထုတ်မလဲ

 သူ့ရဲ့မိသားစုကိုရော ဘယ်လိုကာကွယ်ပေးမလဲဆိုတာကို ခုပဲဒီကားထဲမှာ လိုက်ပါခံစားလိုက်ကြပါဦး
Review by Monn

Application ဖြင့်လည်း ကြည့်ရှုနိုင်ပါပြီ
App Download Link >https://play.google.com/store/apps/details?id=com.mm.gcmovies

A Girl On A Bulldozer
Original title Девушка на бульдозере
IMDb Rating 7.1 79 votes

Director

Director

Cast

Similar titles