
A Call to Spy (2019)
================
ဒုတိယကမ္ဘာစစ်အတွင်း တစ်ကမ္ဘာလုံး ဖရိုဖရဲ ဖြစ်နေချိန် ပြင်သစ်တို့ နာဇီလက်အောက်ကျရောက်နေချိန်မှာ SOE လို့ ခေါ်တဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖွဲ့စည်းခဲ့ပြီးတော့ အဲဒီအဖွဲ့ကနေ အမျိုးသမီးထောက်လှမ်းရေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့စီစဉ်ခဲ့ပါတယ်။ အမျိုးသမီးတွေသာဆို ကျူးကျော်ခံထားရတဲ့နယ်မြေတွေမှာ ကောင်းကောင်းသွားလာ လှုပ်ရှားနိုင်မယ် ဆိုတဲ့အတွေးနဲ့ပါ။ ဒီအဖွဲ့အတွက် လိုအပ်တဲ့လူတွေကို အမေရိကန်နေ ဂျူးလူမျိုး မစ်အတ်ကင်က တာဝန်ယူပြီး ရှာဖွေခဲ့ရပါတယ်။
သံအမတ်တစ်ယောက် ဖြစ်ချင်ပေမယ့် ခြေတုတပ်သွားလာနေရတဲ့ သူမအခြေနေကြောင့် ငြင်းပယ်ခံခဲ့ရတဲ့ ဗာဂျီနီးယားဟော၊ အဖေကအိန္ဒိယလူမျိုး အမေက ရှရှားလူမျိုးဖြစ်ပေမယ့် အမေရိကန်မှာ အခြေချနေတဲ့ နိုအာ၊ သူတို့နှစ်ယောက်ကို မစ်အတ်ကင်က အဖွဲ့မှာပါဝင်ဖို့ ခေါ်ခဲ့ပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ သာမန်အခြားအမျိုးသမီးတွေလောက်တောင် မသန်မာတဲ့ သူမ အားနွဲ့တဲ့မိန်းမသားပေမယ့် သတ္တိရှိတဲ့ အမျိုးသမီးနှစ်ယောက် ဒီလို အခြေအနေတွေ အကျပ်အတည်းတွေကို သူတို့ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။ ဒီလိုစစ်ပွဲကြီးမှာ ဘယ်သူတွေကရော ဘာတွေပေးဆပ်ခဲ့ကြရသလဲ။ အဆုံးသတ်ကရော သူတို့မျှော်လင့်ခဲ့တဲ့ရလဒ်ကို ရခဲ့လား ဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရူခံစားပေးကြပါ။
Translated and Review by Aye Phyo
Encoded by Noah
Quality – Webrip
Size – 1GB / 480MB
IMDB – 6.3
Genres – Biography, Crime, Drama
Run Time – 2 Hr 3 mins