
99 Homes (2014)
==============
2008 ခုနှစ် စီးပွားရေးလောကအကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ ဘဏ်တွေက အပေါင်စာချုပ်ရှိတဲ့အိမ်တွေကို လိုက်လံသိမ်းယူပြီး အမြတ်ထုတ်နေတဲ့အချိန်ဖြစ်ပါတယ်။ အဲ့ထဲမှာ ဆောက်လုပ်ရေးလုပ်သားဖြစ်တဲ့ Dennis Nash ရဲ့ အိမ်လည်းပါသွားပါတော့တယ်။ ဒါပေမယ့် သူ့အိမ်ကို လာသိမ်းခဲ့တဲ့ အိမ်ခြံမြေအကျိုးဆောင်က သူ့ကို အလုပ်ပေးလာတဲ့အခါမှာတော့ မိသားစုနေအိမ်ကို ပြန်လိုချင်တဲ့ Nashတစ်ယောက် အဲ့ဒီလူကြီးအတူနဲ့ အိမ်တွေလိုက်သိမ်းတဲ့ အလုပ်လုပ်ရပါတော့တယ်။
မိသားစုအိမ်ကိုပြန်ယူမယ့် စိတ်နဲ့ လုပ်ခဲ့ပေမယ့်လည်း ဝင်ငွေတွေ အများကြီးရလာတဲ့အခါ လောဘစိတ်ကပဲ သူ့ကိုဝါးမြိုသွားမလား မိသားစုအတွက်မှန်တဲ့လမ်းကိုပဲရွေးမလားဆိုတာကို ငြိမ့်ငြိမ့်လေးကြည့်ရမယ့်ဇာတ်ကားမျိုးပါ။ မင်းသား Andrew Garfield အပြင် မင်းသားကြီး Michael Shannon ပါ ပါဝင်အားဖြည့်ထားပြီး အိမ်ခြံမြေလောကရဲ့ ထိတ်လန့်စရာစီးပွားရေးဆန်မှုတွေကိုပါတွေ့မြင်ရမှာပါ။
Translated and Review by DB Kun
Encoded by Noah
Quality – Bluray
Size – 1GB / 420MB
IMDB – 7.1
Genres – Drama
Run Time – 1 Hr 52 mins