What's happening?

Video Sources 3637 Views Report Error

  • Watch traileryoutube.com
  • FHD Direct StreamingUnknown resource
  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
9

9

When our world ended their mission began.Aug. 19, 2009USA79 Min.PG-13
Your rating: 0
10 1 vote

Synopsis

9 (2009)

=======

 “9” လို့ တစ်လုံးတည်းနာမည်ပေးထားတဲ့ သိပ္ပံ-စွန့်စားခန်း Animated ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်တယ်။

            ဇာတ်လမ်းထဲမှာ “9” ဆိုတာဟာ လူသားအသေးစားလေးလိုဖန်တီးထားတဲ့ အ၀တ်ကြမ်းလက်ချုပ်အရုပ်လေးပါ။ လူသားတွေနဲ့ စက်ရုပ်တွေကြားက ပြင်းထန်တဲ့စစ်ပွဲကြီးအပြီး၊ လူသားမျိုးနွယ်အဆုံးသတ်ချိန်မှာ ကျောကုန်းပေါ်မှာ “9” လို့ ရေးထိုးထားတဲ့ လက်ချုပ်အ၀တ်ရုပ်လေး နိုးထလာခဲ့ပါတယ်။ အစပိုင်းကြောက်ရွံ့နေခဲ့ပေမဲ့ တဖြည်းဖြည်းသူသိလာရတာကတော့ သူ့လိုအရုပ်မျိုးက သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာပါပဲ။

           သူ့လို ကျောကုန်းမှာ နံပါတ်ရေးထိုးထားတဲ့ အ၀တ်ရုပ်လေး (သူအပါအ၀င်) ၉ ရုပ် ရှိပါတယ်။ သူတို့ကို သိပ္ပံပညာရှင်ကြီးတစ်ဦးက အဂ္ဂိရတ်ဆန်ဆန်လျှို့ဝှက်ဆန်းကြယ်ပညာမျိုးနဲ့ ဖန်တီးထားတာပါ။ အရုပ်တစ်မျိုးစီဟာ သိပ္ပံပညာရှင်ကြီးရဲ့ကိုယ်ရည်ကိုယ်သွေးတစ်မျိုးစီကို ကိုယ်စားပြုထားပါတယ်။ “1” က ဆရာလုပ်ချင်တဲ့စရိုက်၊ “2” က တီထွင်ဖန်တီးတတ်တဲ့ ဉာဏ်ကြီးရှင်၊ “3” နဲ့ “4” က စကားမပြောတတ်တဲ့ သမိုင်းပညာရှင်အမြွှာ၊ “5” က ကုသရေးနဲ့ ငြိမ်းချမ်းရေးသမား၊ “6” က အနုပညာရှင်၊ “7” က ဖိုက်တာ၊ တစ်ဦးတည်းသော အမအရုပ်လေး၊ “8” က အသိဉာဏ်ထက်လက်ရုံးရည်ကို ပိုသုံးတတ်သူပါ။ “9” ကတော့ သိပ္ပံပညာရှင်ကြီးရဲ့ လူသားချင်းစာနာစိတ်ကို ကိုယ်စားပြုပြီး ဉာဏ်အရမ်းကောင်း‌ပေမဲ့ စပ်စုချင်စိတ်ကြောင့် အမြဲအမှားတွေတွေ့ရတတ်သူ ဖြစ်ပါတယ်။

           “9” တို့ကိုဖန်တီးခဲ့တဲ့ သိပ္ပံပညာရှင်ကြီးဟာ သူ့ကိုချုပ်ကိုင်ထားတဲ့ အာဏာရှင်ရဲ့အတင်းအကြပ်ခိုင်းစေမှုကြောင့် “B.R.A.I.N.” လို့ခေါ်တဲ့ ဉာဏ်ရည်မြင့်စက်ရုပ်ကို ဖန်တီးပေးခဲ့ရပါတယ်။ မကောင်းတဲ့သူလက်ထဲမှာ အဖိုးတန်စွမ်းအင်ဟာ မိစ္ဆာစွမ်းအားဖြစ်သွားတဲ့ထုံးစံအတိုင်း အဲဒီစက်ရုပ်ဟာလည်း ကမ္ဘာဖျက်လက်နက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ “9” နဲ့ အရုပ်လေးတချို့ကတော့ လူသားမျိုးနွယ်ကိုကယ်တင်ဖို့အတွက် အဓိကသော့ချက်လည်း ဖြစ်ပါတယ်။

          သူတို့အဖွဲ့ဟာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ အဆမတန် စွမ်းအားကြီးမားတဲ့ စက်ကြီးတွေရန်ကို ဘယ်လိုအံတုမလဲ၊ ဘယ်သူကဘယ်လို စတေးခံသွားမလဲ၊ သူတို့ရည်ရွယ်ချက်အောင်မြင်ပါ့မလားဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုကြရမှာပါ။ ငြီးငွေ့စရာဘ၀ကြီးထဲကနေ ခဏတာစိတ်အပန်းပြေဖို့ ရုပ်ရှင်ကောင်းကောင်းရှာနေတယ်ဆိုရင်တော့ သမားရိုးကျပုံစံထဲကခွဲထွက်လာတဲ့ ဒီ Animated ရုပ်ရှင်လေးကို ကြည့်ဖြစ်အောင် ကြည့်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Translated by GC Translator Team

Review by Cherry Mon

App နဲ့ ကြည့်ချင်သူများအတွက် App Downlink

============================

For Android Phone

Mediafire > https://www.mediafire.com/…/73s14whp2…/gcmobile.apk/file

Mega > https://mega.nz/file/yDJi2L6I…

For Android Box & TV

Mediafire > https://www.mediafire.com/file/cq89lbk5l0fwdtn/gctv.apk/file

Mega > https://mega.nz/file/COBW0Z7Y…

===========================

9
9
9
9
9
9
9
9
9
9
Original title 9
IMDb Rating 7.1 136,590 votes
TMDb Rating 6.8 2,764 votes

Director

Shane Acker
Director

Cast

Elijah Wood is9 (voice)
9 (voice)
Martin Landau is2 (voice)
2 (voice)
Alan Oppenheimer isScientist (voice)
Scientist (voice)
Tom Kane isDictator (voice)
Dictator (voice)
Helen Wilson isNews Caster (voice)
News Caster (voice)

Similar titles

The Obscure Life of the Grand Duke of Corsica (2021)
Thor: Love and Thunder
Crystal Sky of Yesterday
Sarkaru Vaari Paata
Spy Kids
Ajagajantharam
A Dog’s Purpose
The Grinch 2018
The Equalizer 2 (2018) ????????????????
Lucky Day
A Perfect Plan
Fantastic Beasts: The Crimes of Grindelwald (2018) ????????????????

Leave a comment

Name *
Add a display name
Email *
Your email address will not be published

88