ဒီတစ်ခေါက်မှာတော့ Horror movie ကြိုက်သူတွေအတွက်
Horror ကောင်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါ့မယ်
ဒီကားလေးထဲမှာ Chole Brooks, Edward Findlay,Ed Morrone နဲ့Anita Leeman Torresတို့ကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ကောင်လေးယောက်နဲ့ အဓိကဖွဲ့စည်းထားပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ 11th hour cleaning အဖွဲ့ကတော့ မှုခင်းဖြစ်ခဲ့တဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပေးရတဲ့အဖွဲ့ပါ တစ်နေ့မှာတော့ ငါးလောင်းပြိုင်လူသေထားတဲ့အိမ်ကိုသန့်ရှင်းရေးဖို့အကြောင်းဖန်လာခဲ့ပါတယ် ကံဆိုးချင်တော့ အဲဒီနေ့က အားလပ်ရက်ဖြစ်တာမလို့အသင်းသားတွေကခွင့်ယူသွားကြတဲ့အတွက်ခေါင်းဆောင်ဖြစ်သူဒိုင်လန်ဟာ သူ့မိန်းမရယ် မိန်းမရယ်မောင်ရယ် ယောက်ဖဖြစ်သူရဲ့ရည်းစားဟောင်းနဲ့အတူတူ လေးယောက်သန့်ရှင်းရေးလုပ်ခဲ့ရပါတယ် ဒါပေမယ့် ညအတွင်းသန့်ရှင်းရေးလုပ်နေရင်း ပုံမှန်မဟုတ်တဲ့ ပရလောကဆန်ဆန်ကိစ္စများကြုံတွေ့ခဲ့ရပြီး သေဆုံးသွားသူတွေရဲ့ မူမမှန်တဲ့ သေဆုံးရခြင်းအကြောင်းတရားတွေကိုစတင်သိရှိလာပါတယ် သူတို့အမှန်တရားကိုရှာတွေ့လေလေ သူတို့အတွင်အန္တရာယ်ရှိလာလေလေမလို့ သရဲတစ္ဆေတွေကိုအထောက်အပံ့ပေးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကိုရှာဖွေရင်းအိမ်ထဲကနေလွတ်မြောက်အောင်ကြိုးစားရမှာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျ