The Umbrella Academy (2019 –: Season 3

Jun. 22, 2022
Your rating: 0
9 1 vote

The Umbrella Academy S03

ဒီစီးရီးဟာ အပိုင်း၁၀ပိုင်းပါဝင်တဲ့ Netflix superhero seriesလေးဖြစ်ပါတယ်။

၁၉၈၉ခုနှစ် အောက်တိုဘာလထဲမှာ တစ်ရက်တည်းတစ်ချိန်တည်း ကလေး၄၃ယောက်ဟာ ထူးခြားစွာ
မွေးဖွားလာခဲ့ပါတယ်။ ထူးခြားချက်ကတော့ အဲဒီရက်မတိုင်ခင်ထိ ကလေးမိခင်တွေမှာ
ကိုယ်ဝန်မရှိခဲ့ပါဘဲနဲ့ အဲဒီနေ့ကျမှ ရုတ်တရက် မွေးဖွားခဲ့တာပါ။

ရီဂျင်နယ်ဟာဂရိဗ်ဆိုတဲ့ ဘီလျံနာသူဌေးကြီးက အဲဒီကလေးတွေကို ရနိုင်သမျှ
စုစည်းပြီးမွေးစားခဲ့ပါတယ်။ ဒါပေမဲ့သူက ၇ယောက်ပဲရှာတွေ့ခဲ့ပါတယ်။ အဲဒီကလေးတွေမှာ
အစွမ်းကိုယ်စီရှိပေမဲ့ ဗန်ညာကတော့ ဘာအစွမ်းမှမရှိခဲ့ပါဘူး။ အဲဒီလိုနဲ့ ရီဂျင်နယ်ဟာဂရိဗ်က
ကမ္ဘာကြီးကိုကယ်တင်ဖို ရည်ရွယ်ချက်နဲ့ ကလေးတွေကိုလေ့ကျင့်ပေးပြီး အန်ဗရဲလားအကယ်ဒမီလို
နာမည်ပေးခဲ့တယ်။

သိုပေမဲ့ ဘယ်အရာမှ စီစဥ်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ကလေးတွေဆယ်ကျော်သက်အရွယ်မှာ
မိသားစုကပြိုကွဲသွားပြီး အဖွဲလည်းပျက်သွားပါတယ်။ နှစ်၃၀အကြာမှာ မွေးစားဖခင်ဟာဂရိဗ်ရဲ့
ဈာပနာမှာပြန်ဆုံကြရင်း သူတိုဘယ်လိုအရှုပ်အထွေးတွေ ပြဿနာတွေကို အတူဖြေရှင်းကြမလဲ
ကျန်တဲ့မွေးစားမခံရတဲ့ ကလေးတွေကရော ဘယ်လိုမျိုးပါဝင်လာမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။

Review by phi