The Penthouse: Season 2

Feb. 19, 2021
Your rating: 0
9 1 vote

The Penthouse: War in Life (2021) Season 2

GCက ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ မိတ်ဆက်စရာမလိုပဲ ပရိသတ်အားလုံးမျှော်လင့်စောင့်စားနေရတဲ့ အချစ် အိမ်ထောင်ရေး မိသားစု စတာတွေနဲ့ အထက်တန်းလွှာမိသားစုတွေရဲ့ဘဝကို ပုံဖော်ပြသထားတဲ့ Penthouse (S2) ကားလေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ အားလုံးသိပြီးကြတဲ့အတိုင်း ဟယ်ရာနန်းတော်လို့ခေါ်တဲ့ အထပ်ပေါင်း ၁၀၀ပါဝင်တဲ့ မိုးမျှော်တိုက်ကြီးမှာနေထိုင်တဲ့ လူချမ်းသာတွေရဲ့အကြောင်းကို အဓိက ရိုက်ကူးတင်ဆက်ထားပါတယ်။ ရှင်းဆူယွန်းကတော့ ချမ်းသာတဲ့ မိသားစုမျိုးရိုးကနေဆင်းသက်လာသူဖြစ်ပြီး ထိုမိုးမျှော်တိုက်ကြီးရဲ့ ဘုရင်မတစ်ပါးပါ။ ချောင်းဆောဂျင်ဆိုသူကတော့ ဂန္တဝင်သီချင်းသီဆိုသူဖြစ်ပြီး ချောင်းအာအနုပညာအထက်တန်းကျောင်းဒါရိုက်တာရဲ့သမီးဖြစ်ပြီး လက်ရှိအဲ့ကျောင်းကို အုပ်ချုပ်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အိုယွန်းဟီးကတော့ သာမန်လူတန်းစားဖြစ်ပြီး ချောင်းဆောဂျင်နဲ့ဇာတ်လမ်းလေးတွေရှိခဲ့ပြီး သမီးအတွက်ဆို အသက်ကိုပင်စွန့်ပြီး ဘာမဆိုလုပ်ပေးမယ့်လူတစ်ယောက်ဖြစ်ပါတယ်။

Season 1မှာတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းကြီး မျိုးရိုးကြီးကလူတွေရဲ့အားပြိုင်မှုနဲ့ သာမန်လူတန်းစားအလွှာတို့ရဲ့အားပြိုင်မှု ထိုကဲ့သို့ မိဘတွေဆီက ဆင်းသက်လာတဲ့ သားသမီးတွေရဲ့အားပြိုင်မှု ထိုထဲကမှမြေစာပင်ဖြစ်ခဲ့ရတဲ့ သနားဖွယ်ရာသူတို့… စတာတွေကို အံ့အြမှင်သက်ဖွယ် တွေ့မြင်ခဲ့ရပြီးပြီပဲ ဖြစ်ပါတယ်။

ယခု Season 2မှာတော့ ပရိသတ်တွေ ရင်တထိတ်ထိတ်နဲ့ မျှော်လင့်စောင့်စားနေရတဲ့အတိုင်း ရှင်းဆူယွန်းက တကယ်ပဲ သေဆုံးခဲ့ပြီလား??? သူမပြန်ပေါ်လာဦးမှာလား??? ဒါမှမဟုတ် သူနဲ့ရုပ်တူပြီး ဂျူဒန်းထယ်ရဲ အရင်မိန်းမလို့ S1မှာ အရိပ်အမြွက်ပြသွားခဲ့တဲ့သူပဲ ပေါ်လာမှာလား??? အိုယွန်းဟီကကော ဘယ်လိုပုံစံနဲ့ လက်စားချေမှာလဲ???
ချောင်းဆောဂျင်းနဲ့ ဂျူဒန်းထယ်တို့လက်ထပ်လိုက်ပြီးတော့ မတည့်အတူနေဖြစ်သွားတဲ့ အကျင့်ပုတ်သမီးလေးနှစ်ယောက်ကကော ဘာတွေ ဆက်ယုတ်ဦးမလဲ???
ချောင်းအာအနုပညာကျောင်းရဲ့ Daesangဆုပိုင်ရှင်ကကော ဘယ်သူများလဲ???
ပရိတ်သတ်တွေရိုစေချင်နေတဲ့ ဂျူဆော့ဟွန်းနဲ့ ဘယ်ရိုနာတို့ကကော ဘယ်လိုလေးတွေရိုကြဦးမလဲ??? ဆိုတာတွေကို စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

Season 2ကို 19+အထိ သတ်မှတ်ထားပြီး တကယ်ပဲ ပရိသတ်တွေမှန်းထားသလို စောင့်မျှော်နေသလို တထပ်တည်းကျမလား???
ဘယ်လိုလှည့်ကွက်တွေနဲ့ ပရိသတ်တွေကို ဆက်လောင်အောင်လုပ်သွားဦးမလဲဆိုတာတွေကို Gc Teamနဲ့တူတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါရှင်။

Translated by Phoo Pwint Phyo, Yin Cho, YM & Faith