Stranger Things: Season 4

May. 27, 2022
Your rating: 0
9 1 vote

Stranger Things (season 4) Fan တွေ ၃ နှစ်လောက်စောင့်ခဲ့ရတဲ့ Stranger Things season 4 ထွက်လာပါပြီနော်။ အယ်လ်တို့သူငယ်ချင်းတွေရဲ့ ကလေးဘ၀လွန်မြောက်ပြီး အပျိုပေါက်လူပျိုပေါက်အရွယ်လေးတွေကို ကြည့်ရတော့မှာပါ။ Season 3 တုန်းက ဟော့ပါပျောက်သွားခဲ့ပြီး ခိုကိုးရာမဲ့သွားတဲ့အယ်လ်ကတော့ ဘိုင်ယာစ်မိသားစုပြောင်းရွှေ့ရာမြို့ကို အတူလိုက်ပါသွားတာနဲ့ အဆုံးသတ်ထားပါတယ်။ Season 4 အစပိုင်းမှာတော့ ‌ပျော်စရာလေးတွေ၊ ဒရမ်မာလေးတွေနဲ့ အစပျိုးပေးထားပါတယ်။ ဒါပေမဲ့ ဟော့ကင်းစ်မှာ ထူဆန်းတဲ့လူသေမှုဖြစ်ရာကစလို့ ပြဿနာတွေမီးစပွားလာခဲ့ပါတယ်။ ဟော့ကင်းစ်ဟာ ကျိန်စာသင့်နေတဲ့မြို့လို့တောင် ပြောလာကြတဲ့အထိပါပဲ။ အဲဒီပြဿနာကို ဟော့ကင်းစ်မှာကျန်နေတဲ့ စတိဗ်နဲ့ကလေးတစ်သိုက် ဘယ်လိုဖြေရှင်းကြမလဲ၊ အားလုံးသေပြီလို့ထင်ခဲ့ကြတဲ့ ဟော့ပါတစ်ယောက်ရော ဘယ်လိုပြန်ပေါ်လာမလဲ၊သူငယ်ချင်းတွေ‌တစ်နေရာစီဝေးပြီး အယ်လ်နဲ့ဝေလ်တို့ကတစ်မြို့ မိုက်ခ်တို့တွေကတစ်မြို့ဖြစ်နေရာက အတူပြန်ဆုံစရာအကြောင်းကိစ္စတွေပေါ်လာဦးမှာလား ဆိုတာကိုလည်း စောင့်ကြည့်ကြရမှာပါ။ သေချာတာကတော့ အခု season မှာ အရင်ထက် အများကြီးပို horror ဆန်လာတယ်တာမို့ horror ပရိသတ်ကြီး ပိုအကြိုက်တွေ့ကြမယ်ဆိုတာပါပဲ။ နောက်ပြီး ထူးခြားတာက season 4 မှာ အပိုင်း ၉ ပိုင်း ပါ၀င်ပြီး တစ်ပိုင်းစီဟာ ရုပ်ရှင်တစ်ကားစာလောက် ကြာမြင့်တာမို့ Stranger Things fan တွေ တ၀ကြီးကြည့်ရမှာပါနော်။ ၇ ပိုင်းပါ၀င်တဲ့ part 1 က မေ ၂၇ မှာထွက်ရှိပြီး နောက်ဆုံး ၂ ပိုင်းပါတဲ့ part 2 ကတော့ ဇူလိုင် ၂ ရက်နေ့ထွက်ရှိမှာ ဖြစ်ပါတယ်။

Review by C’mon

Translated by Keith, Sarah, MKeith , Sarah, MaryChrist, C’mon, Monn & Sunny

Encoded By TKZawwl