Peaky Blinders (2013-2022): Season 6

Feb. 27, 2022
Your rating: 0
9 1 vote

Season5မှာ အတန်ငယ် မျက်ရည်ယိုဗုံးကြဲတဲ့(ဘယ်သူငိုငိုမငိုငို ခိုခိုTommyကိုထိရင် မေရီကတော့ငိုမှာပဲ😂)Peaky Blindersလေးက Season 6နဲ့အတူ ပရိသတ်ရှေ့တော်မှောက်ကို ပြန်လည်ရောက်ရှိလာပါပြီ။ Season Finaleလို ကြေညာထားလေတော့ ဘယ်လိုမျိုး စိတ်ဝင်စားစရာတွေ သယ်ဆောင်လာမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

Peaky Blinders season 5ခုလုံးမှာတော့ သူ့ရဲ့ရှယ်လ်ဘီမိသားစုရဲ့ ဩဇာအာဏာကို တစ်စတစ်စချဲ့ထွင်လာခဲ့တဲ့ တိုရဲ့BBCကိုဖိုးတုတ်ဟာ s5မှာတော့ ပခုံးချင်းယှဉ်မယ့် မိုဇလီတစ်ယောက် ပေါ်လာတဲ့အပြင် ဘိန်းလုပ်ငန်းကိုဦးစီးရင်း အာဏာရဲ့အရသာကိုသိလာတဲ့ မိုက်ကယ်တစ်ယောက်ကလည်း Tommyအတွက် ဂရုစိုက်ရမယ့်အရာတစ်ခု ဖြစ်လာတာပေါ့။ ဒါပေမဲ့လည်း seasonတိုင်းမှာ အရာအားလုံးကို အကွက်ကျကျ လှလှပစီစဉ်ပြီးတော့ မြင်းလောင်းဒိုင်လေးကနေ နိုင်ငံရေးလောကအထိခြေဆန့်နိုင်တဲ့အပြင် ရန်သူကိုစနစ်တကျပညာပေးတတ်တဲ့ Tommyက ဒီseasonမှာရော ဘာတွေလုပ်ပြဦးမလဲ။ ကျားကျားချင်းယှဉ်တိုက်မယ့် အင်အားပြိုင်ပွဲမှာရော နောက်ဆုံးစင်ပေါ်ကျန်မယ့်လူက ဘယ်သူဖြစ်မလဲ။ season5မှာ အရိပ်အမြွက်သဘောထည့်ထားတာတွေက s6မှာ တကယ်ဖြစ်လာမလား or plot twistသက်သက်လား။ Peaky Blindersရဲ့endingဟာ Peaky Fanတွေရဲ့အသဲနှလုံးကို အဆုံးထိဖမ်းစားနိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြရအောင်ပါ။

Translated by GC Team

Review by MaryChrist