Lockwood & Co.: Season 1

Jan. 27, 2023
Your rating: 0
5 1 vote

Lockwood & Co. (2023)ကဲ သရဲဖမ်းမယ် သားကြီးတို့ သမီးကြီးတို့ရေ..။ GC thriller fan လေးတွေ ကြည့်လို့ရအောင် ညနက်ချိန်အမှီ ဒီတခါတင်ဆက်ပေးမယ့် စီးရီး‌လေးကတော့ သရဲဖမ်းတဲ့အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒါပေမယ့် ရိုးရိုးဖမ်းမှာတော့ မဟုတ်ပါဘူး ။အဲခေတ်မှာ လူတွေဟာပြောင်းလဲသွားပြီး ဆယ်ကျော််သက်တွေလည်း စကီမရှာနိုင် အဆင်မငမ်းနိုင်တော့ပါဘူး။ ပင်ကိုယ်အစွမ်းရှိတဲ့သူမှန်သမျှ သင်တန်းကျောင်းတွေမှာ ရထားတဲ့အစွမ်းကို အမျိုးအစားခွဲ လေ့ကျင့်ရေးဆင်းပြီး သရဲဖမ်းအေဂျင်စီကြီးတွေမှာ အလုပ်ဝင်ပြီး သရဲဖမ်းနေကြပါပြီ။ ဒီထဲမှာမှ လူစီဟာ နယ်မြို့ကအေဂျင်စီလေးမှာ အမေဖြစ်သူရဲ့ အတင်းအကြပ်စေခိုင်းမှုကြောင့် ဝင်လေ့ကျင့်ရင်း အဆင့်တွေအမြင့်စားနဲ့အောင်ထားတဲ့ကျောင်းသူလေးပါ။ တစ်နေ့မှာတော့ လက်တွေ့ရှင်းလင်းရေးလုပ်ရင်း သူငယ်ချင်းတစ်ဖွဲ့လုံး သရဲလက်စာမိသွားပြီး ဆရာဖြစ်သူက ထိုးကျွေးသွားတဲ့အခါ လန်ဒန်ကို ခြေဦးတည့်ရာထွက်လာရင်း ဇာတ်လိုက်ကျော်ကြီး‌တို့ရဲ့ Lockwood & Co. အေဂျင်စီကို ရောက်လာပါတော့တယ်။ တကားလုံးမှာ သရဲကားအရိပ်အငွေ့ရော supernatural scene တွေကို ပဟေဋိတွေအများကြီးထိုင်ဆက်ရသလို ခံစားချက်မျိုးနဲ့ကြည့်ရမယ့်ကားလေးဖြစ်တာကြောင့် GCverse တို့အတွက် အမြန်ဆုံးဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ Translated by GC TeamReviewed by DoHsuHsuEncoded by Cukar