From Chao Phraya to Irawadee (2022): Season 1

Jan. 01, 2022
Your rating: 0
7 1 vote

စားဖိုမှူးပကွန် အဖြစ် Got jirayu နွတ်ချနတ်/နွတ်/နန်းပင် အဖြစ် TangTang မောင်စ/မြဝတီမင်းကြီးဦးစ အဖြစ် ဒေါင်း ဇင်ဇင် အဖြစ် နှင်းသွေးယုအောင် ဒီဇာတ်ကားလေးကတော့ မင်းသမီးလေးရဲ့ အတိတ်ဘဝနဲ့ လက်ရှိဘဝ ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု ရမှာ ဖြစ်ပါတယ်။ ထိုင်းကောင်မလေး နွတ်ချနတ် တစ်ယောက် ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဟိုတယ် တစ်ခုမှာ လက်ထောက် စားဖိုမှူး အဖြစ် အလုပ်လာလုပ်ရင်း စည်းကမ်းတင်းကျပ်တဲ့ စားဖိုမှူးကြီးနဲ့ ဆုံတွေ့ခဲ့တယ်။ အဲ့ဒီဟိုတယ် အစားအစာ သင်တန်းကျောင်းက သင်တန်းသူ ဇင်ဇင်နဲ့ ရင်းနှီးခွင့်ရပြီးနောက် ပန်းဆိုးတန်းက စာအုပ် အဟောင်းဆိုင်ကို အလည်အပတ် သွားခဲ့တယ်။ အဲ့ဒိ စာအုပ်ဆိုင်ကနေ နှစ်ပေါင်း နှစ်ရာကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ မြန်မာပြန် အီနောင် စာအုပ်ကို နွတ်ရရှိခဲ့တယ်။ နွတ် အဲ့ဒိစာအုပ်ကို ရရှိပြီးနောက် အတိတ်ဘဝက အဖြစ် အပျက်တွေကို အိမ်မက်မက်ခဲ့တယ်။ အတိတ်ဘဝမှာ နွတ်က ယိုးဒယား နန်းတော်ဆောင်ရဲ့ နန်းပင်ဆိုတဲ့ အစေခံမလေး ဖြစ်နေခဲ့တယ်။အဲ့ဒိ အတိတ်ဘဝမှာ မောင်စ (ဒေါင်း) နဲ့ ဘယ်လို ပတ်သက် နေမလဲ။ အတိတ်က နန်းပင် ယခု နွတ် ဘယ်လို ဆက်စပ်မှု ရှိနေမလဲ။ နွတ်က သူ့အတိတ် အိမ်မက်ကနေ နိုးထနိုင်မလား။ ယခုဘဝမှာလဲ စားဖို မှူးကြီးနဲ့ ဘယ်လို ဇာတ်လမ်းတွေ ရှိလာနိုင်အုံးမလဲ ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု ရမှာ ဖြစ်ပါတယ်..