အချိန်ကာလက 1900ဝန်းကျင်ပိုင်းလောက်က အယ်ဘက်ဆိုတဲ့ကောင်လေးက ဆင်းရဲတဲ့မိသားစုကဆင်းသက်လာတာပါ။ တနေ့ သူ့အဖေက လေလံပွဲမှာ မြင်းလေးတကောင်ဝယ်လာခဲ့တယ်။ လေလံနိုင်ချင်တဲ့ စိတ်နဲ့သာ ဝယ်လာရတာ တကယ်တမ်းသူလိုအပ်တဲ့ မြင်းမျိုးမဟုတ်ခဲ့ဘူး ။ အကြွေးတွေလည်း သူတို့မိသားစုအပေါ် ဝိုင်းနေပြီ။ အယ်ဘက်နဲ့ မြင်းလေးကလည်း သံယောဇဉ်တွေဖြစ်နေကြပြီ။ဇာတ်လမ်းက ဒီမှာစတာပါ။ တနေ့ အကြွေးတွေဆပ်ဖို့ မြင်းလေးကို စစ်အတွင်းသုံးဖို့ ရောင်းပစ်ခဲ့ရတယ်။ အယ်ဘက်က မြင်းလေးကို မခွဲနိုင်ဘူး ဒါပေမယ့်လည်း သူမတတ်နိုင်ရှာပါဘူး။
” ငါ့ကောင်ရေ မင်းဘယ်နေရာရာပဲ ရောက်နေနေ ငါမင်းကို ရအောင်ရှာမယ်နော်”
“ဒါငါတို့ ခွဲခွာခြင်း အဆုံးသတ်မဟုတ်သေးဘူးနော်”
အဲလိုနဲ့ မြင်းလေးက စစ်ထဲပါသွားပြီး အယ်ဘက်ကတော့ စစ်ထဲဝင်ချင်ပေမယ့်လည်း အသက်မပြည့်သေးတာမို့ တယောက်တည်းကျန်ခဲ့ပါတော့တယ်။နောက်ပိုင်းမှာ မြင်းလေး ဂျိုရီ စစ်ထဲမှာ ခက်ခက်ခဲခဲသူဖြတ်သန်းခဲ့ရပုံတွေ သူ့သခင် အယ်ဘက်နဲ့ ပြန်ဆုံနိုင်ပါမလား အဲဒါတွေကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါလို့။
Review and translated by May Jue San