Memories of Murder( 2003)
ဒီကားလေးကတော့ စုံထောက်ဆန်ဆန် ရုပ်ရှင်ကြိုက်သူတွေအတွက် လုံးဝသင့်တော်ပါတယ်။
၁၉၈၆ နဲ့ ၁၉၉၁ ခုနစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် ကွင်းဆက်လူသတ်မှုကို အခြေခံထားတာပါ။ ဒီဇာတ်လမ်းမှာတော့ စုံထောက် ပတ်ခ် ဒိုမန် နဲ့ သူ့အဖွဲ့ရယ် ဆိုးလ်ကနေ အကူအနေနဲ့ ရောက်လာတဲ့ စုံထောက် ဆူ တေယွန်း ရယ်ဟာ ၁၉၈၆ အောက်တိုဘာလ က စဖြစ်ပွားတဲ့ လူသတ်မှု ကို စုံစမ်းကြပါတယ်။
မှုခင်း ဆေးပညာ ကလည်းအဲ့ချိန်အဲ့ခါ အခုလောက် ခေတ်မမှီတဲ့အတွက် သွားလာရေး ဖြစ်ဖြစ် နည်းပညာ ဖြစ်ဖြစ် ခက်ခဲခဲ့တယ်။ ဒီလိုနဲ့ စုံစမ်းရင်း သံသယရှိသူ သုံးယောက်တွေ့ခဲ့ပေမယ့်လည်း တရားခံဟုတ်မနေခဲ့ဘူး။
ဒါဆို ဒီလောက်စေ့စေ့စပ်စပ် အကွက်ချ လူသတ်မှုကို နောက်ဆုံးမှာ ဖော်ထုတ်နိုင်မလား။ မလုပ်နိုင်လား ။ စိတ်ဝင်စားစရာပဲနော်။ နည်းပညာတွေ မတိုးတက်ခင် ခေတ်က ဘယ်လိုတွေ အခက်အခဲတွေ ရှိတယ်ဆိုတာကို ဒီဇာတ်ကားလေးကြည့်ရင် သိရနိုင်ပါတယ်နော်။
Translated and Review By Haruki
Encoded By A Nyo
Quality-blueray
Size-450/950mb
Imdb-8.1 by 10