What's happening?

Video Sources 3589 Views Report Error

  • Watch traileryoutube.com
  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
Fresh (2022)

Fresh (2022)

It’s not for everyone.Jan. 20, 2022USA114 Min.R
Your rating: 0
7 1 vote

Synopsis

Fresh (2022)

“ငါ တိရစ္ဆာန်အသားမစားဘူး” တဲ့။ ဒါဆို လူသားစားတာတော့ ဖြစ်ကောင်းဖြစ်နိုင်တဲ့သဘောများလား…။ သာမန်ဇာတ်လမ်းတစ်ပုဒ်ဆို ဒီအတွေးမဝင်ပေမဲ့ Thriller မှန်းသိရင်တော့ ဒီလိုအတွေးတွေ ၀င်မိမှာပါပဲ။

Thriller ဆိုပေမဲ့ စစချင်းမှာတော့ အခုခေတ်လူတွေရဲ့ ချိန်းတွေ့တဲ့သဘာဝနဲ့ အ Ro ခန်းတွေကို တဝကြီးကြည့်ရမှာပါ။ Marvel ရဲ့ Winter Soldier မင်းသား Sebastian Stan နဲ့မင်းသမီးငယ်ငယ်ချောချောလေး Daisy Edgar-Jones တို့က ခေါင်းဆောင် ပါဝင်ထားပါတယ်။ IMDb မှာ 6.9/10 နဲ့ Rotten Tomatoes မှာ 82 % rating ရထားပါတယ်။

ဇာတ်လမ်းအရ နိုဝါဟာ အွန်လိုင်းကနေ တစ်ယောက်ပြီးတစ်ယောက်နဲ့ date လုပ်ခဲ့ပေမဲ့ အဆင်မပြေတာကြောင့် တစ်ကိုယ်တည်းဘဝနဲ့နေနေသူပါ။ တစ်ရက်မှာတော့ သူနဲ့အဆင်ပြေမယ်ထင်ရတဲ့လူချောတစ်ဦးနဲ့ အပြင်မှာတွေ့ဆုံခဲ့ရပါတယ်။ အဲဒီသူက သူ့ကိုယ်သူ စတိဗ်လို့မိတ်ဆက်ခဲ့ပြီး ဆရာဝန်တစ်ယောက်လို့လည်း ဆိုပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးတွေ့ဆုံရင်း ချစ်ကြိုက်သွားကြလေသတည်းပေါ့။

အစပိုင်းမှာ ဇာတ်လမ်းကသိပ်လှနေခဲ့ရင် နောက်ပိုင်း အဆိုးတွေဖြစ်တတ်တဲ့ထုံးစံအတိုင်းပါပဲ။ သူတို့ကြိုက်သွားတော့မှ တကယ့်ဇာတ်လမ်းကစတာပါ။ အချစ်ချိုချိုတွေရဲ့နောက်ကွယ်မှာမထင်မှတ်လောက်အောင်ထိတ်လန့်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေပါတယ်။ အဲဒီလျှို့ဝှက်ချက်ကဘာဖြစ်မလဲ…။

တကယ်တမ်း စတိဗ်ရဲ့သရုပ်မှန်ကရော ဘာများလဲ….၊ ရုပ်ရည်ချောချောနဲ့ သူ့အပြောလှလှတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိကြောက်စရာကောင်းတာတွေပုန်းကွယ်နေမလဲ…၊ နိုဝါတစ်ယောက်ရော ဘယ်လိုရုန်းကန်ရင်ဆိုင်ရမလဲ… ဆိုတာကို အသည်းတအေးအေး ကြည့်ကြရမှာဖြစ်ပါတယ်။

Thriller ဇာတ်လမ်းကို Comedy နဲ့ အချစ်ရေးပါ ထည့်သွင်းရိုက်ကူးထားတာမို့ လျှို့ဝှက်သည်းဖိုမှကြိုက်တဲ့ ရုပ်ရှင်ပရိသတ်ကြီးအတွက်တကယ်စိတ်ဝင်တစား ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းအဖြစ်ညွှန်းပေးလိုက်ပါရစေနော်။

Review by C’mon
Translated by C’mon, MaryChrist & Sunny

Fresh (2022)
Fresh (2022)
Fresh (2022)
Fresh (2022)
Fresh (2022)
Fresh (2022)
Fresh (2022)
Original title Fresh
IMDb Rating 6.7 629 votes
TMDb Rating 7.9 14 votes

Similar titles

Float
The Furies (2019) မြန်မာစာတမ်းထိုး
Boy Bastos
The Leech
Gothika
Always Be My Maybe (2019) မြန်မာစာတမ်းထိုး
Firestarter
2 Fast 2 Furious (2003)
Goldfinger (1964)
Mr. Majnu
Aftermath (2021)
Bone Cold