What's happening?

Video Sources 2557 Views Report Error

  • Watch traileryoutube.com
  • FHDUnknown resource
  • HDUnknown resource
  • SDUnknown resource
West Side Story

West Side Story

Dec. 08, 2021USA157 Min.PG-13
Your rating: 0
7 1 vote

Synopsis

West Side Story (2021)

နာမည်ကျော်ကျော်ရုပ်ရှင်ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာ musical Romantic drama ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Spielberg ရဲ့လက်ရာပီပီ အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင် အကယ်ဒမီ ၇ ဆုအထိ nomination ဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ထိပ်တန်းရုပ်ရှင် ၁၀ ခုထဲမှာလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် ရွှေကမ္ဘာလုံးဆုအတွက်လည်း nomination ၄ ခုဝင်ခဲ့ပြီး Musical/Comedy အကောင်းဆုံးရုပ်ရှင်ဆု၊ Musical/Comedy အတွက် အကောင်းဆုံးမင်းသမီးဆုနဲ့ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု စုစုပေါင်း ၃ ဆု ရရှိခဲ့ပါတယ်။

၁၉၅၇ ခုနှစ်က musical ဇာတ်ထုပ်ကို ပြန်အသက်သွင်းထားတဲ့ အဲဒီဇာတ်လမ်းမှာ Jets နဲ့ Sharks ဆိုတဲ့ လူမျိုးစုမတူတဲ့ ဆယ်ကျော်သက်ဂိုဏ်းနှစ်ဂိုဏ်းကြားက ပဋိပက္ခ၊ လူငယ်တွေရဲ့
သဘောသဘာဝ၊ ခေတ်စနစ်အခြေအနေတွေကြားမှာ လူငယ်တွေရဲ့နေထိုင်ရှင်သန်မှု၊ လူငယ်တွေကြားက အချစ်နဲ့အိပ်မက်တွေအကြောင်း
ကြည့်ချင့်စဖွယ် ရိုက်ကူးထားပါတယ်။ musical ဆိုတဲ့အတိုင်း သီချင်းလေးတွေနဲ့ မြူးမြူးကြွကြွ ပုံဖော်ထားတာကြောင့် တစ်ကားလုံးမပျင်းမရိ ကြည့်ရှုခံစားကြရမှာပါ။

Jets အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ တိုနီတစ်ယောက် အမှုတစ်ခုကြောင့် ထောင်ကျပြီး ခံဝန်ချုပ်နဲ့လွတ်လာခဲ့ပါတယ်။ သူ့ဘဝကိုအရင်ထက် ပိုကောင်းအောင်နေချင်တဲ့ တိုနီတစ်ယောက် အရင်ကရန်ဖြစ်ဖက် သူငယ်ချင်းတွေနဲ့ သူ့ရဲ့ထိန်းချုပ်မှုကြား ဗျာများနေခဲ့ပါတယ်။ ဖြစ်ချင်တော့တစ်နေ့မှာတိုနီဟာ သူတို့ Jets အဖွဲ့နဲ့ ရန်သူတော်တွေဖြစ်တဲ့ Sharks အဖွဲ့ခေါင်းဆောင် ဘာနာဒိုရဲ့ ညီမဖြစ်သူ မာရီယာနဲ့ ကပွဲတစ်ခုမှာ ဆုံတွေ့မိပြီး မြင်မြင်ချင်း ချစ်မိသွားခဲ့ပါတယ်။ မာရီယာကလည်း တိုနီ့ကိုသဘောကျပေမဲ့ သူတို့နှစ်ဦးအချစ်ဟာ ရိုမီယိုနဲ့ဂျူးလိယက်အလား ချစ်ခရီးလမ်းက မဖြောင့်ဖြူးခဲ့ပါဘူး။ အဲဒီကြားထဲ သူတို့နှစ်ဦးပေါင်းစပ်ဖို့ ပိုခဲယဥ်းသွားစေတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ နောက်ဆုံးမှာ သူတို့နှစ်ဦးရဲ့အချစ် ဘယ်လိုအဆုံးသတ်မလဲဆိုတာကို အချစ်၊ အလွမ်း၊ အကြမ်း ရသစုံစုံလင်လင် ရိုက်ကူးတင်ဆက်ထားပါတယ်။

ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့ အပြင် ဆုကြီးများစွာလည်း ရရှိထားတာကြောင့် ရုပ်ရှင်ချစ်သူတိုင်း သေချာပေါက်ကြည့်ထားသင့်တဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းအဖြစ် ညွှန်းပေးချင်ပါတယ်။

Translated by C’mon,Monn,Jelly,Sunny,Maymie&Sora

Review by C’mon

West Side Story
West Side Story
West Side Story
West Side Story
West Side Story
West Side Story
West Side Story
West Side Story
West Side Story
West Side Story
Original title West Side Story
IMDb Rating 7.8 29,905 votes
TMDb Rating 7.5 391 votes

Director

Cast

Similar titles

Yesterday (2019)
Warriors of Future
Manikarnika: The Queen of Jhansi (2019)
Unknown Origins
13 (2010)
Love Forecast
Curiosa (2019)
Girl Asleep
Enemy at the Gates
White Boy Rick
Boy Bastos
12 Strong (2018)