Bunker

Bunker

Dec. 23, 2021
Your rating: 0
6 1 vote

Synopsis

Bunker Season 1 (2022)

======================

ဒီတစ်ခါမှာတော့ GC ပရိသတ်ကြီးအတွက် လတ်တလောကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ စပိန် စီးရီးလေးကို တင်ဆက်ပေးချင်ပါတယ် ၊ မက္ကဆီကိုနိုင်ငံမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး Action / Comedy စီးရီး ဖြစ်တာကြောင့် ကြမ်းတာလည်းကြိုက် ရယ်လည်းရယ်ရချင်တယ်ဆိုတဲ့ သူတွေအတွက် GC က‌နေ တင်ဆက်ပေးလိုက်ပါတယ်နော်

ဇာတ်လမ်းနာမည်ကတော့ Bunker တဲ့ ၊ မြေအောက်ခန်းဆိုတဲ့ အဓိပ္ပါယ်ပေါ့ ၊
အသက် ၅၅ နှစ်အရွယ် ဗလာဒီမီရိုဆိုတဲ့ လူကြီးဟာ မိန်းမနဲ့ သားသမီးတွေ
ရှိပေမယ့် သူ့မိသားစုနဲ့အတူ အချိန်သိပ်မပေးဘဲ သူ့အိမ်အောက်က မြေအောက်ခန်းမှာပဲ တစ်ကိုယ်တည်းသွားနေပြီး အချိန်ကုန်ဆုံးလေ့ရှိပါတယ် ၊ သူ့မြေအောက်ခန်းကလည်း တော်ရုံ မဟုတ်ပါဘူး ၊ facility အပြည့်အစုံနဲ့ အေးဆေးနှပ်နေလို့ ရပြီး
အဲဒီမှာပဲ သွားနေပြီး အတွေးနယ်ချဲ့တတ်လွန်းတဲ့ လူ့ဂွစာကြီးပေါ့

ဇာတ်လမ်းအစမှာတော့ “ပေါက်ကွဲမှု မဖြစ်ခင် ၃ရက်အလို” ဆိုတဲ့ စာသားနဲ့
တစ်မူထူးခြားစွာ စတင်ထားပါတယ် ၊ ကင်မရာတစ်လုံးနဲ့ သူ့ကိုယ်သူ ရိုက်ကူးပြီး
“ဒီဗီဒီယိုကို မင်းတို့ကြည့်နေရရင် ငါသေသွားပါပြီ” ဆိုတဲ့ စကားနဲ့ သူ့မိသားစုကို မှာတမ်းခြွေနေတဲ့ ပုံစံမျိုး ရိုက်ကူးရင်း ဇာတ်လမ်းစထားတာပါ ၊ ပေါက်ကွဲမှုဆိုတဲ့ စကားလုံးက ဘာအဓိပ္ပါယ်ဖြစ်မလဲ ၊ သူကရော ဘာလို့များ သူသေမယ်လို့ သေချာပေါက်ပြောနေနိုင်ရတာလဲ ၊သူ့မိသားစုတောင် မ၀င်ဖူးတဲ့ ဒီမြေအောက်ခန်းမှာ တခြား လျိို့၀ှက်ချက်တွေများ ရှိနေမှာလား ၊ ဒီမေးခွန်းတွေကို GC teamနဲ့အတူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ

Review by Sunny

Translated by Sunny, Mary Christ & Monn

Bunker
Bunker
Bunker
Original title Búnker
TMDb Rating 7.8 9 votes
First air date Dec. 23, 2021
Last air date Dec. 23, 2021
Seasons 1
Episodes 8
Average Duration 30 minutes

Similar titles

The 100
Adult Trainee
Betaal (2020)
Cupid’s Last Wish
Soot Rak Sap E-Lee (2020)
100 Days My Prince
Monthly Magazine Home
Uncle
Blockbuster
Help Me คุณผีช่วยด้วย
The Mandalorian (2019)
Devil In Law