What's happening?

Video Sources 3288 Views Report Error

  • Watch traileryoutube.com
  • FHDUnknown resource
  • HDUnknown resource
  • SDUnknown resource
Bhoothakaalam

Bhoothakaalam

Jan. 21, 2022India105 Min.Not Rated
Your rating: 0
9 1 vote

Synopsis

Bhoothakaalam (2022)

ဓာတ်ခွဲသုတေသနဘာသာရပ်နဲ့ ကျောင်းပြီးခဲ့တဲ့ ဗီနူဟာ သူ့ရဲ့ပညာရပ်နဲ့သင့်တော်တဲ့ အလုပ်တစ်ခုရဖို့ ကြိုးစားရှာဖွေနေခဲ့ပါတယ်။ အလုပ်ကမ်းလှမ်းချက်နှစ်ခု လက်ခံရရှိခဲ့ပေမယ့် အိမ်နဲ့ဝေးလွန်းတာကြောင့် ဗီနူလက်လွှတ်လိုက်ရပါတယ်။ အဖွားဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဗီနူရဲ့အမေက ဗီနူကို သူတို့မြို့မှာပဲ အလုပ်တစ်ခုရအောင် ကြိုးစားရှာစေခဲ့ပါတယ်။ တစ်ရက်မှာတော့ လေဖြတ်ဝေဒနာခံစားနေရတဲ့ အဖွားဖြစ်သူ ဆုံးပါးသွားခဲ့ပါတယ်။ အဖွားဖြစ်သူဆုံးပါးသွားပြီးတော့ မိသားစုဝင်ဆိုလို့ ဗီနူနဲ့ သူ့အမေပဲ ကျန်ရစ်ခဲ့တာကြောင့် ဗီနူ တစ်ခြားမှာ အလုပ်သွားလုပ်မှာကို မိခင်ဖြစ်သူက လက်မခံခဲ့ပါဘူး။

ဗီနူရဲ့အမေဟာလည်း စိတ်ကျရောဂါခံစားနေရတဲ့အတွက် ဆေးပုံမှန်မှီဝဲနေရတဲ့ ဝေဒနာသည်တစ်ယောက်ဖြစ်ပါတယ်။ တစ်နှစ်ကျော်ကြာလာတဲ့အထိ သူနေတဲ့မြို့မှာ အလုပ်လေးတစ်ခုတောင် မရခဲ့တဲ့အတွက် သူငယ်ချင်းဖြစ်သူ ရမ်ကို ဗီနူအကူအညီတောင်းခဲ့ပါတယ်။ ရမ်ကလည်း သူအလုပ်လုပ်မယ့်ဟိုတယ်မှာ ဗီနူအလုပ်ရအောင်ကူညီပေးမယ်လို့ ပြောခဲ့ပါတယ်။ အလုပ်ကိစ္စကြောင့် ဆက်ဆံရေးတင်းမာနေတဲ့ ဗီနူနဲ့သူ့အမေဟာ သူတို့အိမ်ကြီးထဲမှာ ဘယ်လိုခြောက်ခြားဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့။

Review by MayMiKyaw

Translated by Monn,MayMiKyaw,Phyo

Bhoothakaalam
Bhoothakaalam
Bhoothakaalam
Bhoothakaalam
Bhoothakaalam
Bhoothakaalam
Original title ഭൂതകാലം
IMDb Rating 8 1,398 votes
TMDb Rating 10 1 votes

Similar titles

American Assassin (2017) ????????????????
The Sniper
Knock at the Cabin
F9 (2021)
Prometheus
Chasing the Dragon II: Wild Wild Bunch (2019)
LEGO Star Wars Terrifying Tales (2021)
A World Without (2021)
Nobody (2021)
Changeling
Am I a Serial Killer
Kanabadutaledu (2021)