Gully Boy (2019)
အခုတခေါက်ကတော့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး လူငယ်တွေ အကြိုက်တွေ့စေမယ့်
အချစ်Drama ဇာတ်ကားလေးဖြစ်ပါတယ်
ဒီဇာတ်ကားက India street rapper Navine နဲ့ Naezy တို့ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ
ဇာတ်လမ်းအညွှန်းကတော့……….
မွန်ဘိုင်းမြို့မှာ ရှိတဲ့ ဆင်းရဲတဲ့ရပ်ကွက်က မူရတ် ဆိုတဲ့ လူငယ်လေးက သူ့ဘဝရဲ့ အိမ်မက်တွေကို အခက်အခဲတွေကြား ရင်ဆိုင်ပြီး တဆင့်ပြီးတဆင့်ကြိုးစားခဲ့ပုံကို မြင်တွေ့ရမှာပါ
သူ့မှာ ငယ်ငယ်ကထဲက ချစ်ကြိုက်ခဲ့တဲ့ ငယ်သူငယ်ချင်း ချစ်သူကောင်မလေးတစ်ယောက်လည်း ရှိပါတယ်
ဆာဖီးနား ဆိုတဲ့ ကောင်မလေးက အိမ်ကအရမ်းစည်းကမ်းကြီးပြီး ချစ်သူအပေါ် အရမ်း သဝန်တိုတတ်တဲ့ ကောင်မလေးပါ
ဒီကားမှာ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကလည်း GCပရိတ်သတ်တွေကို ကြည်နူးဖွယ်ဖြစ်အောင် ဆွဲဆောင်နိုင်မှာပါ
တခြားကုလားကားတွေလို သီချင်းတွေဖွင့်ပြီးအရှည်ကြီးကမှာမဟုတ်ပါဘူး
ရက်ပ်သီချင်းတွေကြား စီးမျှောရင် ကြည့်ရှုရမှာဖြစ်တဲ့အတွက် လူငယ်အကြိုက်ဖြစ်မယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်
ထပ်ပြောရင် spoil သလိုဖြစ်မှာဆိုးလို့ မြန်မြန်သာ ကြည့်ရှုလိုက်ပါအုန်းနော်……..
Translated & reviewed by Thinzar Lwin
Encoded by Ada
IMDB – 8.4/10
Genres – Drama/Romance
Run Time – 2hr 34mins