ဒီကားလေးကတော့ အားလုံးသိတဲ့အတိုင်း နာမည်ကြီး ကာတွန်းကားလေးပါ… ဟစ်ကပ်ဆိုတဲ့ ကောင်လေးကတော့ သူ့အဖေ လုပ်ခဲ့တုန်းကအတိုင်း နဂါးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ကောင်လေးပါ… အဖမ်းခံရတဲ့ နဂါးတွေကို ကယ်ဖို့သွားတဲ့ကောင်လေးဟာ နဂါးဖမ်းမုဆိုးတွေ အဖမ်းခံရပြီးတော့ သူတို့ နဂါးထားတဲ့နေရာကို သိသွားကြပါတယ်… ဟစ်ကပ်တို့ နဂါးထားတဲ့ နေရာကို သိသွားတဲ့ ဂရင်းမဲလ်ဟာ နဂါးတွေကို အရယူဖို့ကြိုးစားပါတော့တယ်….ဟစ်ကပ်ဟာ သူ့အဖေ ပြောခဲ့တဲ့ နဂါးတွေ ငြိမ်းငြိမ်းချမ်းချမ်းနေတဲ့ ကမ္ဘာ့အစွန်က ရေတံခွန်ကြီးနားမှာရှိတဲ့လျို့ဝှက်နေရာလေးမှာ နဂါးတွေကို ရွေ့ဖို့ကြံပါတော့တယ်..ဟစ်ကပ်လေးဟာ အခက်အခဲတွေ ကြားကနေ နဂါးတွေကို ရွေ့နိုင်မလား.. ဂရင်းမဲလ်ကရော ဘယ်လိုတွေ နှောင့်ယှက်မလဲ ဆိုတာကတော့ ဆက်လက်ကြည့်ရှုပေးပါဦးနော်.. အချစ်ရော အလွမ်းရော.. အက်ရှင်ရော ရသစုံပေးနိုင်တာမို့ ကြည့်သင့်တဲ့ကားလေးပါပဲနော်…
Translated & Reviewed by Wityi Phyoe Lwin
Encoded by Lwin Naung
Quality Webdl
Size 910/270 MB
IMDB 7.8
Genres Animation, Action, Adventure
Runtime 1h 44min