GCပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ကားလေးက
2018မှာထွက်ခဲ့တဲ့ အင်ဒိုနီးရှားသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ
ရမ်နီ့ဘဝဟာ သူမအဖေသေဆုံးပြီးနောက်မှာ
အကြွေးပေါင်းများစွာနဲ့ကျန်ရစ်ခဲ့လို့ အပြောင်းလဲကြီးပြောင်းလဲခဲ့ရတယ်
သူမဟာ အကြွေးတွေပြန်ဆပ်ဖို့အတွက် လောင်းကစားသမားတစ်ယောက်ဘေးကနေ အစောင့်အကြပ်လိုက်ပါပေးဖို့ကို ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်..
အာခ်ကန် ဟာ ရမ်နီ့ရဲ့ချစ်သူကောင်လေးပါ အာခ်ကန်ဟာ ရမ်နီ့အလုပ်အကြောင်းသိသွားတဲ့အချိန်မှာ နားလည်မှုလွဲပြီး ရမ်နီနဲ့ဇာတ်လမ်းကို တစ်ခန်းရပ်ခဲ့ပါတယ်
ပြီးနောက် သူမနဲ့လောင်းကစားသမားလူကြီးတို့တွဲသွားနေတဲ့ပုံကို ကျောင်းဝန်းထဲမှာ ဖြန့်လိုက်တဲ့အချိန် ကျောင်းသားများဟာ ရမ်န်ီ့ကိုလှောင်ပြောင်ခဲ့ကြတယ် အဲ့အချိန်မှာ
ဂစ်ဘရန် ဆိုတဲ့ ကျောင်းသားသစ်လေးဟာ ရန်နီတို့ကျောင်းကိုပြောင်းလာခဲ့တယ်
သူဟာရမ်နီ့အကြောင်းတွေကိုစိတ်ဝင်စားတဲ့အတွက် နောက်ကနေ တကောက်ကော်လိုက်တဲ့အခြေအနေကနေ
ရမ်နီငိုနေဆာကိုမြင်ပြီး နှစ်သိမ့်ပေးတဲ့အချိန်ကစပြီး သူဟာ ရမ်နီ့ရဲ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်လာတယ်
ဂစ်ဘရန် ဟာ ရမ်နီ့ဒုက္ခတွေကိုအမြဲတမ်းကူညီပေးပြိး သူဟာရမ်နီ့ကိုသဘောကျခဲ့တယ်
ဒါပေမယ့် ရမ်နီ့စိတ်ထဲမှာ သူမရဲ့အရင်ကောင်လေးအာခ်ကန်ပဲရှိနေတဲ့အတွက် ဂစ်ဘရန်ရဲ့အချစ်တွေဟာတစ်ဖက်ဆန်ခဲ့ရတယ်
နောက်ပိုင်းမှာ ရမ်နီ့စိတ်တွေဟာ ဂစ်ဘရန် ဆီ ပြန်လည်လာမလား
ဒါမှမဟုတ် အာခ်ကန့်ကိုပဲ စိတ်ထဲမှာဆက်ပြီးရှိနေမလား အာခ်ကန်ကရော ရမ်နီ့ကိုရင်ထဲမှာရှိနေသေးရဲ့လား ဆိုတာ ပရိသတ်ကြီးပဲ ကိုယ်တိုင်ကြည့်ပြီးတော့ခံစားကြည့်ပါတော့နော်
Translated & Reviewed by Wathone Min Soe
Encoded by Lwin Naung
Quality Webdl
Size 920/290 MB
IMDB 8.8
Genres Drama
Runtime 1h 47min