Times

Times

Feb. 20, 2021
Your rating: 0
9.5 12 votes

Seasons and episodes

1Season 1 Feb. 20, 2021

Synopsis

Times

ပရိတ်သတ်ကြီးတို့စောင့်မျှော်နေကြတဲ့ Weightlifting Fairyနဲ့ Itaewon Classတို့မှာ ကြွေခဲ့ရတဲ့ Girl Crushလေး Lee Joo Youngပါဝင်ထားတဲ့ Times ဆိုတဲ့ သည်းထိတ်ရင်ဖို မှုခင်းဒရမ်မာလေး ထွက်ရှိလာပါပြီ~~~

စိတ်အားထက်သန်မှုနဲ့ သူမတူတဲ့အရည်အချင်းတွေပိုင်ဆိုင်ထားတဲ့ သတင်းထောက်လီဂျင်ဝူး(Lee Seo Jin)ဟာ သူ့ဘဝတစ်လျှောက်လုံးကို အမှန်တရားဖော်ထုတ်ခြင်းမှာပဲ မြှုပ်နှံထားသူပါ… အမှန်တရားသာပေါ်လာမယ်ဆို ဘယ်လောက်ပဲခက်ခဲပါစေ အဆုံးထိရှာဖွေဖော်ထုတ်မယ်ဆိုတဲ့သူမျိုး… သတင်းအချက်အလက်နဲ့ပတ်သက်ရင် အရမ်းကြိုးစားလွန်းတဲ့ ဂျင်ဝူးရဲ့ဘဝဟာ နောက်၅နှစ်အနာဂတ်ကပါလို့ပြောလာတဲ့ ဆောဂျောင်အင်(Lee Joo Young)ဆီက ဖုန်းအဆက်အသွယ်ရပြီးတဲ့နောက်မှာ မမျှော်လင့်ထားတဲ့ အချိုးအကွေ့တွေနဲ့ ရင်ဆိုင်ရပါတော့တယ်~~~

ဆောဂျောင်အင်ဟာ အကောင်းဆုံးဆိုတဲ့ ဇာတ်လမ်းတွေကို ချက်ကျလက်ကျဖန်တီးနိုင်တဲ့ passionအပြည့်နဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး တစ်ခါတလေများ သတင်းတွေကို ထဲထဲဝင်ဝင်တူးဆွမိလိုက်ရင် မနှစ်မြို့စရာအမှန်တရားတွေအထိ ဖော်ထုတ်နိုင်သူ… သိလာရတဲ့သတင်းအစအနလေးတွေကတစ်ဆင့် ဂျောင်အင်ဟာ နိုင်ငံ့အကြီးအကဲတွေကို တုန်လှုပ်သွားစေနိုင်တဲ့ သူတို့တွေရဲ့မကောင်းတဲ့ပူးပေါင်းကြံစည်မှုတွေကိုပါ တွေ့လာရတဲ့အခါ သမ္မတဖြစ်တဲ့ သူမရဲ့အဖေနဲ့ သူမကိုယ်တိုင် အန္တရာယ်ကြီးလှတဲ့ကစားပွဲထဲ ဝင်ပါမိသွားပါတော့တယ်။ ဒီကစားပွဲအတွက် ထူးဆန်းစွာနဲ့ပဲ ဖုန်းချင်းချိတ်မိသွားတဲ့ လီဂျင်ဝူးနဲ့အင်အားချင်းပူးပေါင်းလိုက်တဲ့အခါ အရမ်းနောက်မကျခင်မှာ ကြိုးကိုင်သူတွေစီစဉ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မှုခင်းတွေဖြစ်လာမှာကို တားဆီးနိုင်ပါ့မလားဆိုတာ~~~

အပိုင်း12ပိုင်းပါဝင်တဲ့ ဒီဇာတ်လမ်းတွဲကို Flower of Evilကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Yoo Jung Joonရိုက်ကူးမှာဖြစ်ပြီး OCNရုပ်သံလိုင်းကနေ အပတ်စဉ် စနေ တနင်္ဂနွေညတိုင်းပြသမှာမို့ GCမှဘာသာပြန်တင်ဆက်ပေးမှာကိုလည်း စောင့်မျှော်အားပေးကြပါအုန်းရှင်~~~

Translated by Aye Thinzar Moe,Loon,Hay Marn and Phyo

Times
Original title 타임즈
TMDb Rating 6 1 votes
First air date Feb. 20, 2021
Last air date Feb. 20, 2021
Seasons 1
Episodes 12
Average Duration 60 minutes

Similar titles

Pom Pang Ban
Special Ops 1.5: The Himmat Story (2021)
The Recruit
True Story(2021)
Remember 15
Web of Make Believe: Death, Lies and the Internet
Showtime Begins!
Panic (2021)
The Frog
Our Blooming Youth
Bad and Crazy
30 Coins (2020 – )