What's happening?

Video Sources 7236 Views Report Error

  • Watch traileryoutube.com
  • HD Direct StreamingUnknown resource
Tenet (2020)

Tenet (2020)

Time runs out.Aug. 22, 2020UK150 Min.PG-13
Your rating: 0
8.7 3 votes

Synopsis

Tenet (2020)
===============
ဒါရိုက်တာနေရာမှာ Christopher Nolan ဆိုတာကိုတွေ့လိုက်ရပြီဆိုတာနဲ့ ဒီကားကိုကြည့်ပြီးရင် တွေးစရာတွေအများကြီးကျန်ခဲ့မယ်ဆိုတာကို Inception, Interstellar တို့မှာ ပြသခဲ့ပြီးပါပြီ။ ဒီတစ်ခါထပ်ပြီးတင်ဆက်ပေးချင်တာကတော့ ရှေ့ကပြောခဲ့တဲ့ ကားတွေလိုပဲ Christopher Nolan ရဲ့ လက်ရာကောင်းတစ်ပုဒ်လို့ပြောရမယ့် Tenet ပါ။

ဇာတ်လမ်းအကြောင်းကတော့ ပြောပြတာထက် ကိုယ်တိုင်ကြည့်လိုက်တာက ပိုပြီးကောင်းတဲ့အတွက် တခြားကားလေးတွေနဲ့ပဲ အကြမ်းဖျင်းပြောပြပေးပါ့မယ်။ ကျွန်တော်တို့ ငယ်ငယ်ကနေ အခုအချိန်အထိ အချိန်ခရီးသွားတဲ့ ဇာတ်ကားပေါင်းမြောက်များစွာကိုကြည့်ခဲ့ဖူးကြပါတယ်။ အချိန်ခရီးသွားခြင်းဆိုတဲ့အရာကို ရုပ်ရှင်တွေမှာပဲထိတွေ့ခဲ့ဖူးပြီးတော့ လက်တွေ့မှာတော့ ထိတွေ့နိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့်တကယ်တမ်းထိတွေ့မယ်ဆိုရင်လည်း အန္တရာယ်အရမ်းများလှတာကို Back to the Future ဇာတ်လမ်းတွေမှာ မြင်တွေ့နိုင်ပါတယ်။ ကိုယ့်ရဲ့သက်ရောက်မှုတစ်ခုကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုပါပြောင်းသွားနိုင်သလို တခြားသူတွေအပေါ်မှာလည်း သက်ရောက်မှုတွေအများကြီးရှိနိုင်ပါတယ်။

ကျွန်တော်တို့ အခုသိထားတာမျိုးက အနာဂတ်ကိုခရီးထွက်ကြတဲ့ကိစ္စပါပဲ။ တကယ်လို့ အတိတ်ကိုခရီးထွက်မယ်ဆိုရင်ရော။ လက်ရှိကနေ အနာဂတ်ကိုသွားတာက ပြသနာသိပ်မရှိပေမယ့် လက်ရှိကနေအတိတ်ကို သွားတာကတော့ ပြသနာရှိပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ကမ္ဘာက အချိန်ရဲ့လားရာအတိုင်းပဲလည်ပတ်နေတာမို့လို့ပါ။ လက်ရှိကနေ အတိတ်ကိုသွားမယ်ဆိုတာက အချိန်ရဲ့လားရာကိုပြောင်းပြန်လုပ်လိုက်တဲ့သဘောပါ။ အဲ့လိုသွားတာမျိုးက အရမ်းအန္တရာယ်ရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် အနာဂတ်ကလူတစ်ယောက်က အတိတ်ကိုပြန်လာပြီး သူ့ရဲ့ဘိုးဘေးတွေကို သတ်လိုက်မယ်ဆိုရင် အနာဂတ်ကသူဆိုတာလည်း မမွေးလာနိုင်တော့ပါဘူး။ တကယ်လို့အနာဂတ်ကသူကလည်း အချိန်ရဲ့လားရာတစ်ခုကို ဖန်တီးပြီးတော့ အတိတ်ကို ပစ္စည်းတစ်ခုခုပို့မယ်ဆိုရင် အတိတ်မှာအဲ့ဒီပစ္စည်းကို ရကောင်းရလာနိုင်ပါတယ်။

Christopher Nolan ရဲ့ Tenet ဇာတ်ကားမှာတော့ ပုံမှန်အချိန်ခရီးသွားခြင်းကို ဆန်းသစ်ပြီးတော့ ကျွန်တော်တို့ကိုတွေးစရာတွေ အများကြီးကိုပေးပစ်လိုက်ပါပြီ။ တစ်ချို့အခန်းတွေဆိုရင် မသေချာရင် ရပ်ပြီးပြန်စဥ်းစားစေချင်ပါတယ်။ အဲ့ဒါမှပဲကောင်းကောင်းနားလည်နိုင်မှာပါ။ ဆိုတော့ Christopher Nolan ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို သေချာစဥ်းစားပြီး တွေးနိုင်ရအောင်လို့ တင်ဆက်ပေးလိုက်ရပါတယ်။

Review by Bruce
Translated by KGZarNI, Zin Min Thu & Xing Egg
Encoded by Noah
Quality – HDRip
Size – 1.1GB / 570MB
IMDB – 7.8
Genres – Action, Sci-Fi, Thriller
Run Time – 2 Hrs 30 mins

* Application မှာလည်း ကြည့်လို့ရပါပြီ *
App Download Playstore Link – https://play.google.com/store/apps/details?id=com.gc.movies11
Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11
Android Box Link – https://www.mediafire.com/file/t3ahzqq20es5akc/tv_app_v_1.0.0.apk/file
=======================

Tenet (2020)
Tenet (2020)
Tenet (2020)
Tenet (2020)
Tenet (2020)
Tenet (2020)
Tenet (2020)
Tenet (2020)
Tenet (2020)
Tenet (2020)
Original title Tenet
IMDb Rating 7.8 148,038 votes
TMDb Rating 7.5 2,295 votes

Similar titles

Irul (2021)
The Night House (2021)
Natty Knocks
97 Minutes
Bad Boys
Saw X
New Kung Fu Cult Master
Clash of the Titans (2010)
Destroyer (2018) ????????????????
Antidote (2021)
The Last Days of American Crime
You’re Not Alone