မိသားစုဆိုတာ ဘယ်လိုအရာလဲ ? ဘယ်လိုအရာမျိုးကို မိသားစုလို့ခေါ်နိုင်လဲ? အခုတင်ဆက်ပေးမယ့်ကားလေးကတော့ မိသားစုDrama ဆန်ဆန်ကားလေးပါ Pop နဲ့ Ruth ဆိုတဲ့လင်မယားနှစ်ယာက်မှာ Bitty နဲ့Nicky ဆိုတဲ့သမီးနဲ့သားရှိပါတယ် Bitty ကအိမ်ထောင်ကျပြီးခင်ပွန်းဖြစ်သူရယ် သမီးလေး Emma ရယ် အိမ်အလုပ်ရယ်မအားလပ်တာကြောင့် အဖေနဲ့အမေဆီအလည်အပတ်ခဏခဏမသွားနိုင်ပါဘူး Nicky ကတော့အမေအမေနဲ့အတူနေပေါ့ ဒီလိုနဲ့တစ်နေ့မှာတော့ Nicky က Bitty ဆီဖုန်းဆက်လာခဲ့ပါတယ် အမေရောဂါထပြီးပျောက်သွားတယ်ဆိုပြီးတော့ပေါ့ Bitty လည်းရှိသမျှအလုပ်တွေအကုန်ပစ်ပြီး သမီးလေးနဲ့အတူ အဖေအမေတို့ရှိရာမြို့ဆီအပြေးလာခဲ့ပါတယ် ဇာတ်လမ်းက ဒီကစတာပါ Nickyနဲ့Bitty က အမေ့ရောဂါကို Memory Care(မှတ်ဥာဏ်ထိန်းသိမ်းရေးစင်တာ) မှာထားပြီးကုချင်တယ် အဖေဖြစ်သူ Pop ကလုံးဝခါးခါးသီးသီးပါ တခြားဘယ်ကိုမှမပို့ဘူး သူကိုယ်တိုင်ပြုစုမယ်ပေါ့ ဒီအခြေအနေကိုသူတို့ဘယ်လိုဖြေရှင်းကြမလဲ သူတို့အမေရဲ့မမှတ်မိတဲ့ရောဂါကိုဘယ်လိုကုသဖို့စီစဉ်ကြမလဲ Ruthကိုအရမ်းချစ်သော Pop ကရော လက်ခံမလား ဒီဇာတ်ကားမှာကျနော်အကြိုက်ဆုံးကတော့ စာသားလေးတွေပါ စကားအများကြီးမပြော မိသားစုတစ်ခုမှာဘယ်လိုတွေရှိတတ်တယ် ဖြစ်တတ်တယ်ဆိုတာ ကြည့်ရင်းတစိမ့်စိမ့်သဘောပေါက်အောင် ရိုက်ပြသွားတာအရမ်းကြိုက်ပါတယ် မိသားစုချစ်ခြင်းမေတ္တာဆိုတာကို ဒီဇာတ်ကားကြည့်ပြီးရင် တစိမ့်စိမ့်တွေးမိစေတာမျိုးပါ Bitty ရဲ့ဇာတ်ကောင်နေရာက အမျိုးသမီးမျိုးကလည်းတကယ်ရှိနေတာပါ မိသားစုကိုအရေးမပေးနိုင်ဘဲ အိမ်အလုပ်နဲ့လက်နဲ့မပြတ်ဖြစ်နေသော သူမကရော မိသားစုရဲ့နွေးထွေးမှုကိုဘယ်လိုရှာတွေ့နားလည်သွားမလဲဆိုတာ စောင့်ကြည့်စေချင်ပါတယ်
IMDB Rating>> 6.5
Subtitle and reviewed by Lu Chaw Lay
Encoded by Ji Shun
Running time>>
Genres>> Drama