Webcomic ကနေ Drama အဖြစ်ဖန်တီးထားတဲ့ Romance ဆန်ပြီး ဆန်းဆန်းပြားပြားလေးတွေကို ကြည့်ချင်သူတွေအတွက်
မင်းသမီး Sol-A (ShinYeEun) က ဂရက်ဖစ်ဒီဇိုင်းကုမ္ပဏီက ဝန်ထမ်းတစ်ယောက်။ ကြင်နာတတ်သူဖြစ်ပြီး သူ့အိပ်မက်က Webcomic artist တစ်ယောက် ဖြစ်လာဖို့ပါ။
Sol-A တစ်ယောက် အိမ်ကို ကြောင်လေးတစ်ကောင် ခေါ်လာခဲ့တယ်။ ကြောင်ကလေး အဖြစ်ကနေ လူသားအသွင်နဲ့ ပြောင်းလဲ နေထိုင်လို့ရတဲ့ မင်းသား Hong-Zo (Kim Myung Soo) ကို အိမ်ခေါ်လာပြီးနောက်မှာတော့ မထင်ထားတာတွေ ဖြစ်လာတဲ့ ဇာတ်လမ်းပါ။
Sol-A က သာမန်ကြောင်လေးတစ်ကောင် လို့ ထင်ထားခဲ့ပေမယ့် လူသားအဖြစ် ပြောင်းလဲလို့ရတဲ့ Hong Zo နဲ့ တူတူနေရင်း မထင်မှတ်ထားတဲ့ ဆန်းကြယ်တဲ့ အရာလေးတွေ ဖြစ်လာတဲ့ ဇာတ်ကားပါ။
ကြောင်ကနေ လူသားအသွင်နဲ့ နေလို့ရပေမယ့် ကြောင်လေးတွေရဲ့ ပုံစံလေးတွေ ချစ်စရာ အပြုအမူလေးတွေနဲ့ပဲ ဖမ်းစားမလား။ ဘယ်လို အံ့ဩစရာတွေနဲ့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့။
KBS2 ရုပ်သံလိုင်းကနေ မတ်လ ၂၅ ရက်နေ့ကစပြီး အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်းမှာ ထုတ်လွှင့်ပြသသွားမှာပါ။ အပိုင်း ၃၂ ပိုင်း ရှိပါတယ်။
#GoldChannelTrendReview
Translated by Hnin Aye Nyein