Impossible Monsters (2019)
ဒီကားလေးကတော့ Psychological Thrillerအမျိုးအစားလေးဖြစ်ပါတယ် …
ဆိုက်ကိုကားတွေနဲ့ ထိန့်လန့်ချောက်ချားဖွယ်ရာ ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဆိုလည်း မမှားပါဘူး…
အဓိက ဇာတ်ကောင် ဖြစ်တဲ့ ဒေါက်တာ ရစ်ချက် ဖရီးမန်းဟာ အရမ်းတော်ပီး ရည်မှန်းချက် ကြီးမားတဲ့ စိတ်ပညာပါမောက္ခ တစ်ယောက်ဖြစ်ပါတယ် …
သူဟာ လူသားတေ အိပ်စက်ရာမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အိမ်မက်ဆိုးတွေနဲ့ အိပ်စက်ခြင်းက လန်ု့နိုးလာတဲ့ အခါ ပြင်ပလောကကို ဘယ်လိုတွေ တုံ့ပြန်တတ်သလဲဆိုတဲ့ စိတ်ကယောင်ချောက်ချားဖြစ်မှုတွေကို စမ်းသပ်ဖို့ sleep studyတခု လုပ်ခဲ့ပါတယ်…
ထိုသို့လေ့လာနေရင်းနဲ့ သူ့အဖွဲ့ထဲက ဂျိုးဆိုတဲ့ ကောင်မလေးဟာ သေဆုံးသွားခဲ့ပါတယ်… ဂျိုးရဲ့ သေဆုံးမှုဟာ လူသတ်မှုတစ်ခု ဖြစ်နေကြောင်းကို သိသွားတဲ့အခါမှာတော့ ဂျိုးကို ဘယ်သူသတ်တာ ဖြစ်မလဲ ပါမောက္ခကိုယ်တိုင်လား အဖွဲ့ထဲကပဲလား ဒါမှမဟုတ် အပြင်လူလား ဆိုပီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းကောင်းလေး တပုဒ်ဖြစ်ပါတယ်…
တစ်ကားလုံးမှာ dark musicတွေ soft musicတွေနဲ့ ဇာတ်အိမ်ကို မြိုင်မြိုင်ဆိုင်ဆိုင်ဖော်ပြသွားတဲ့အတွက်ကြောင့် ကြည့်ရှုသူတို့ကို စိတ်လှုပ်ရှားမှု အကောင်းဆုံးပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်…
Translated and Review by NielFaith
Encoded By A Nyo
Quality-Webdl
Genre- Thriller
Size-200/800 mb
Imdb-6.7