2043 ဝန်းကျင်လောက်မှာ လူဦးရေထူထပ်သိပ်သည်းမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေက ကပ်ရောဂါတစ်ခုလို ဖြစ်လာပြီးတဲ့နောက်မှာ အစိုးရရဲ့
ခွဲခြမ်းစိတ်ဖြာရေးအဖွဲ့က ကလေးတစ်ယောက်ပဲယူရမယ်ဆိုတဲ့ ပေါ်လစီကို ထုတ်ပြန်ခဲ့ပါတယ် ။ ကာရန်ဆဒ်မန်း ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ
အဲလိုကာလမှာ ချွတ်စွတ်ကိုတူနေတဲ့ သမီးမိန်းကလေး ၇ ယောက်ကိုမွေးဖွားပြီး သဆေုံးသွားခဲ့တယ် ။
သူတို့ရဲ့ အဖိုး တားရန့်စ် ဟာ သူတို့ကို သူတို့အမေရဲ့ နာမည်ရှေ့မှာ နေ့ရက် ခုနှစ်ခုရဲ့ နာမည်တွေကိုပေးခဲ့ပြီး သူတို့ဟာလည်း သူတို့ရဲ့နာမည်ပေးထားတဲ့
နေ့ရောက်မှသာ အပြင်ကိုအလှည့်ကျ ထွက်ရပါတယ် ။ သူတို့တစ်နေ့တာ ကြုံခဲ့ရတာတွေကို ပြန်လည် ဝေမျှစေပြီးတော့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုလည်း
တစ်ထပ်တည်းတူအောင် ပြန်ပြင်ဆင်ပေးခဲ့ပါတယ် ။ ဆံပင်တုတွေ မိတ်ကပ်တွေကိုသုံးပြီး သူတို့ရဲ့ အသွင်အပြင်ကို အတူဆုံးဖြစ်အောင်လုပ်ခဲ့ပါတယ် ၊
တခါက Thursday လေးအပြင်ထွက်သွားပြီး ထိခိုက်မှုဖြစ်လာလို့ ဆိုပြီး ခုနှစ်ယောက်လုံးရဲ့ လက်ချောင်းကိုတောင် ဖြတ်ပစ်ခဲ့တဲ့အထိ သူတို့ရဲ့ တည်ရှိမှုက
ဘယ်လောက်တောင် စွန့်စားရလဲဆိုတာကို သူတို့အဖိုးက သက်သေပြခဲ့ပါတယ် ။
တစ်နေ့တော့ Monday တစ်ယောက် အလုပ်မှာ Promotion ရပြီး သူ့ရဲ့ အလုပ်က ပြိုင်ဖက်ကို အနိုင်ရသွားတဲ့ အခါမှာတော့ ပြိုင်ဘက်ရဲ့ ချိန်းခြောက်မှုတွေကြောင့်
အိမ်မပြန်နိုင်တော့တဲ့အခါ Tuesday က Monday ကို လိုက်စုံစမ်းရင်းနဲ့ သူတို့ရဲ့ တည်ရှိမှုကို အစိုးရအဖွဲ့ရဲ့ လက်အောင်ကနေ လွတ်မြောက်အောင် ရုန်းကန်ဖို့
ကြိုးစားရင်းဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါလို့ …
ဒီကားထဲမှာ မင်းသမီး Noomi Rapace ရဲ့ ခုနှစ်မွှာပူးဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားတာကို အားရစွာတွေ့မြင်ရမှာဖြစ်ပြီး ၊ သတ်ခန်းဖြတ်ခန်းတွေကိုလည်း
ပီပီပြင်ပြင်တင်ဆက်ထားနိုင်တာမို့ မကြည့်ရသေးတဲ့ သူတွေရှိရင်တော့ လုံးဝကြည့်ရှုသင့်တဲ့ကားတစ်ကားဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ ။
Translated & Review by Min Thwin Khant
Encoded by mk
Quality – Bluray
Size – 930MB / 380MB
IMDB – 6.9
Genres – Action, Crime, Drama
Run Time – 2 Hr 3 mins