ဒီကားကတော့ ရသမျိုးစုံပေးနိုင်တဲ့ မိသားစုကားလေးပါပဲ ။
အသက်အရမ်းကြီးနေပြီး အဆုတ်ကင်ဆာအဆင့် ၄ ကိုခံစားနေရတဲ့တရုတ်လူမျိုး
အဖွားတယောက်ရဲ့ မိသားစုအကြောင်းကို ရိုက်ထားတာလေးပါ ။ အဖွားမှာက သား ၂ယောက်ရှိပေမယ့် တယောက်ကဂျပန် ၊ တယောက်က
ကိုရီးယားမှာနေပြီး တရုတ်ပြည်ကို ၂၅ နှစ်လောက် ပြန်မလာခဲ့ကြပါဘူး ။ အဖွားမှာကင်ဆာရောဂါရှိနေကြောင်းကို ကြားလူကတဆင့်သိခဲ့တဲ့
အခါမှာတော့ အားလုံးပြန်လာခဲ့ကြပါတယ် ။ ရောဂါအကြောင်းကို အဖွားကိုမသိစေချင်လို့ မင်္ဂလာပွဲတခုကိုအကြောင်းပြပြီး လာခဲ့ကြတာပေါ့ ။
ကိုယ့်ကိုယ်ကို ရောဂါရှိနေမှန်းမသိဘဲ သားသမီးတွေ ၊ မြေးတွေကို ဂရုတစိုက်ရှိလွန်းတဲ့ အဖွားနဲ့ပျော်သလို ဟန်ဆောင်ရင်း အဖွားကိုဂရုစိုက်နေတဲ့
မြေးတွေရဲ့အချစ်ကိုလဲ တွေ့ရမှာပါ ။ မိဘနဲ့သားသမီးကြားမှာ ဖြစ်တတ်တဲ့သဘာဝနဲ့ တရုတ်နိုင်ငံရဲ့ဓလေ့တွေကိုလဲ တွေ့နိုင်မယ့် ကားကောင်းလေးပါ ။
Translated & Review by Pone Pa Mar
Encoded by mk
Quality – Web-DL
Size – 930MB / 310MB
IMDB – 8.0
Genres – Comedy, Drama
Run Time – 1 Hr 40 mins