ဒီဇာတ်ကားက ဖခင်တစ်ဦးရဲ့မိသားစုအပေါ် တာဝန်ကျေမှုအခြေခံပြီး စိတ်ရောဂါဝင်နေတဲ့ဖခင်ကို ရိုက်ပြထားပါတယ် ။
ဇာတ်ကားကတော့ ကြည့်သူတိုင်းကို ကျေနပ်အားရစေပါတယ် ။ ဇာတ်လမ်းက Ray မိသားစုအိမ်အပြန်ခရီးမှာ သမီးလေး Peri မတော်တဆဒဏ်ရာရလို့
အနီးအနားမှာရှိတဲ့ဆေးရုံကို အဖေဖြစ်သူ Ray ကပို့လိုက်တာနဲ့စတာပဲ ။ အဲ့ဆေးရုံမှာပဲ Ray ရဲ့မိသားစုဝင်ဖြစ်တဲ့ Joanne ကသမီးလေး Peri ကိုအဖော်ပြုပေးဖို့
ဓာတ်မှန်ခန်းထဲဝင်ပြီးနောက် Ray ကသူတို့ကို ရှာမတွေ့တော့ဘူး ။ ဒီလိုနဲ့ Ray ကဒီဆေးရုံက လူသူမသိတာကို ခိုးလုပ်နေတယ်လို့သံသယဝင်လာတယ် ။
အဲ့ကတည်းကစပြီး Ray က ဆေးရုံကောင်တာ ငွေကိုင်စာရေးကိုမေးတဲ့အခါ သူတို့က Joanne နဲ့ Peri ကလူနာစာရင်းထဲမဘာဘူးလို့ဇွတ်ငြင်းတယ်
(တကယ်တော့ Ray ကစာရင်းသွင်းပြီးပြီ ) ။ ဒီဆေးရုံရဲ့လျို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ Ray ကရဲတွေနဲ့ မထင်မှတ်ပဲအတည့်တိုးခဲ့ပြီး ဒီဆေးရုံကသူ့မိသားစုကို
ဖွက်ထားတယ်လို့ပြောပြီးရဲ တွေကိုပြောတော့ ရဲတွေကဆေးရုံကိုစစ်ဆေးခဲ့တယ် ။ အမှန်တရားဖော်ထုတ်နိုင်ခဲ့လား မဖော်ထုတ်နိုင်ခဲ့ဘူးလား ဒါမှမဟုတ်
Ray ပဲဖော်ထုတ်နိုင်ခဲ့တာလားဆိုတာကို စူးစမ်းသိချင်ရင်တော့ ဒီဇာတ်ကားကိုလာကြည့်ကြည့်ပါ ။ ကြည့်ရှုသူတွေကို လုံးဝကြည့်ရကျိုးနပ်အောင်
ဖန်တီးထားတဲ့ဇာတ်ကားလေးပါ ။
Translated & Review by Priscilla
Encoded by bg
Quality – Web-DL
Size – 910MB / 300MB
IMDB – 6.3
Genres – Thriller
Run Time – 1 Hr 39 mins