ဒီကားကတော့ အခုနောက်ပိုင်းကားတွေလို Twistတွေနဲ့မလာပဲ အခြေခံလူတန်းစားမိသားစုရဲ့
တစ်နေ့တာကိုရိုက်ပြထားတဲ့ပုံစံမျိုးပါ ဥရောပတစ်ခွင်မှာ အိမ်ငှါးဈေးတွေတက်တော့ အိမ်ဆက်မငှါးနိုင်တော့ပဲ
အိမ်ခြေယာမဲ့တွေဖြစ်ကုန်ပါတယ် အဲ့လို အိမ်ခြေယာမဲ့ဖြစ်တဲ့အထဲ Rosieတို့လင်မယားရယ် သူတို့သားသမီး
လေးယောက်ရယ်ကအပါအဝင်ဖြစ်ခဲ့ပါတယ်
ဒီမှာတော့ Rosieရဲ့မိခင်စိတ်ဓာတ်တွေနဲ့ မိသားစုအပေါ် သားသမီးအပေါ်ကာကွယ်ပေးမှုတွေ ကြိုးပမ်းမှုတွေကို
အဓိကထားပြီးတွေ့ရမှာပါ ကားတစ်စီးနဲ့မိသားစုပဲကျန်တဲ့အချိန်မှာတောင် မပြိုမလဲတဲ့ Rosieရဲ့ မိခင်စိတ်ဓာတ်ဟာ ဒီကားရဲ့အသက်ပါ
ဇာတ်လမ်းအသွားအလာက ရိုးရိုးလေးပေမယ့် အခြေခံလူတန်းစားရဲ့ပြဿနာတွေကိုကောင်းကောင်းကြီးပုံဖော်ထားတာ
ကလည်းချီးကျူးစရာပါ
ရိုးရိုးရှင်းရှင်းသွားထားတဲ့ဇာတ်လမ်းဖြစ်တဲ့အတွက်ကြာချိန်ကတော့ 86minပဲရှိပါတယ် Rating ကလည်းကောင်းပါတယ်
IMDb 7.1 /10နဲ့ Rotten Tomatoes 97% တောင်ရထားတာပါ လောကဓံအလယ်က Rosie ရဲ့တစ်နေ့တာဟာ
ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကြည့်ရှူခံစားလိုက်ပါ…..ခံစားချက်တစ်ခုခုတော့ကျန်နေမှာပါ
Translated & Review by Jennie Muse
Encoded by mk
Quality – Web-DL
Size – 910MB / 230MB
IMDB – 7.0
Genres – Drama
Run Time – 1 Hr 26 mins