What's happening?

Video Sources 2200 Views Report Error

  • Watch traileryoutube.com
6/45

6/45

Comedykorea1hr53min Min.
Your rating: 0
10 1 vote

Synopsis

ပိုစတာမှာ စစ်ဝတ်စုံတွေဝတ်ထားကြပေမယ့် စစ်ကားမဟုတ်ဘဲ ထီလက်မှတ်လေးတစ်စောင်ကိုအခြေပြုပြီး ရိုက်ကူး ထားတဲ့ ဟာသကားဖြစ်ပါတယ်

ဒီဇာတ်ကားမှာတော့ Love in Contract ဇာတ်လမ်းတွဲမှာ တော်ကီလန်းလန်းလေးတွေနဲ့ချုပ်တတ်တဲ့ မင်းသားဂျီဟိုနဲ့  ဂင်ချားနား meme ပိုင်ရှင်  မင်းသား Lee Yi-kyung á€á€­á€¯á€·á€¡á€“ိကပါဝင်သရုပ်ဆောင်ထားပါတယ်

တာဝန်ထမ်းဆောင်ရင်းကောက်ရတဲ့ ထီလက်မှတ်က ထီဆုကြီးပေါက်သွားတဲ့ တောင်ပိုင်းစစ်သားလေးပတ်ချန်းဝူ

မိမိဘာသာကင်းလှည့်နေရင်း ထီလက်မှတ်လေးတစ်စောင် ဘေးနားကျလာတဲ့ မြောက်ပိုင်းစစ်သား ရီယုံးဟို

ပတ်ချန်းဝူက ထီဆုကြီးပေါက်လို့ တသသနဲ့ ထီလက်မှတ်လေးကို ထုတ်ကြည့်နေတဲ့အချိန် အဲ့ထီလက်မှတ်လေးဟာ လေနဲ့အတူ တောင်မြောက်စစ်အေးကင်းမဲ့ဇုန်ကိုကျော်ဖြတ်ပြီး မြောက်ပိုင်းထဲ လွင့်သွားပါတော့တယ်။

မင်းသားခမျာ ထီပေါက်ပြီးထီလက်မှတ်ပျောက်တော့ အန္တရာယ်တွေဘာတွေမသိတော့ဘဲ မြောက်ပိုင်းထဲကို ခိုးဝင်ပါတော့တယ်

ဒီလိုနဲ့ သူတို့နှစ်ဦး ဆုံမိကြပြီး ဆုငွေကိုခွဲဝေဖို့ အငြင်းပွားကြပါတော့တယ်

နောက်ဆုံးသူတို့ရဲ့ဗိုလ်မှူးတွေအထိပါသိကုန်ပြီး ဝေစုခွဲခြမ်းရေးကိစ္စကပိုကြီးလာပါတော့တယ်

သူတို့တွေအဆင်ပြေပြေ ခွဲဝေနိုင်ပါ့မလား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ GC Channnel မှာ စောင့်ကြည့်ကြပါဦးနော်

တောင်နဲ့မြောက်ကြားက စကားနိုင်လုပြောတာတွေ အချင်းချင်းအနိုင်မခံတာတွေ သူတို့ဟာ တောင်နဲ့မြောက်ကွဲနေပေမယ့် မျိုးနွယ်စုတစ်စုထဲက ဆင်းသက်လာတာဖြစ်လို့ အချင်းချင်း သံယောဇဉ်ဖြစ်လာပုံတွေကို ဟာသတွေနှောပြီးရိုက်ကူးထားတာမို့ ကြည့်ရတာ အရမ်းပျော်ဖို့ကောင်းနေမှာပါ

ပိတ်ရက်လေးမှာ ဟာသကားလေးကြည့်ပြီး စိတ်ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်

Reviewed Claudia

Translated by Yoobin & Claudia

6/45
Original title 육사오
IMDb Rating 7.3 108 votes

Director

Director

Cast

Similar titles

Good Boys (2019)
Girls vs Gangsters
Patikim-tikim
All You Ever Wished For
Something Borrowed
Isi & Ossi (2020)
A California Christmas: City Lights
The Kissing Booth (2018)
Hum Do Hamare Do
Spirited
Hello Ghost
Love Forecast