Heroes (2022)

Heroes (2022)

May. 23, 2022
Your rating: 0
10 1 vote

Seasons and episodes

1Season 1 May. 23, 2022
10

Creator

Creator

Cast

Joseph Zeng isWang Xiaoshi
Wang Xiaoshi
Liu Yuning isBai Choufei
Bai Choufei
Meng Ziyi isLei Chun
Lei Chun
Baron Chen isSu Mengzhen
Su Mengzhen
Sun Zujun isFang Yingkan
Fang Yingkan

Synopsis

စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေပြီး လူငယ်တို့သဘာဝကို ထင်ဟပ်ပြသပေးမယ့် သိုင်းလောကဇာတ်လမ်းတွဲလေးတစ်ပုဒ်ဖြစ်ပါတယ်။

ဇာတ်ဆောင်မင်းသားကတော့ Joseph Zeng ပါ။ သူဟာ သရုပ်ဆောင်လည်းတော်ပြီး သီချင်းဆိုလည်းတော်တဲ့ အဆိုတော်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ Fresh Geeks Youth အမည်ရ boy band တစ်ခုရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးပါ။ ဒါပေမဲ့ မြန်မာပရိတ်သတ်များအဖို့ နဂါးနိုင်ဓားဇာတ်လမ်းတွဲ (မူသစ် ၂၀၁၉)မှာ ကျန်းဝူကျိအဖြစ် သရုပ်ဆောင်ခဲ့တာကို ပိုအမှတ်ရနေကြမယ်လို့ ထင်ပါတယ်။ ၂၀၂၀ က Ultimate Note ကလည်း သူ့ရဲ့ ထင်ရှားတဲ့ သရုပ်ဆောင်မှုတွေထဲက တစ်ခုပါပဲ။

ဇာတ်ဆောင်မင်းသမီးကတော့ Yang Chao Yue ဖြစ်ပြီး သူလည်းပဲ အဆိုတော်မင်းသမီးတစ်ဦး ဖြစ်လို့နေပါတယ်။ Rocket Girls 101 ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးလို့ သိကြမှာပါ။ ၂၀၂၀ မှာထွက်ခဲ့တဲ့ Promise of Chang’an မှာတော့ သူ(မ)ရဲ့ သရုပ်ဆောင်မှုဟာ အထူးထင်ရှားတာပဲဖြစ်ပါတယ်။

ဒါ့အပြင် Liu Yu Ning, Baron Chen, Meng Zi Yi တို့လည်း ပါဝင်ထားတာမို့ star တွေရဲ့ visual အားနဲ့တင် တော်တော်လေး မိုက်နေပါပြီ။

(ဇာတ်လမ်းအကျဉ်း)

Wang Xiao Shi (Joseph Zeng) လို့အမည်ရတဲ့ ကြင်နာနှလုံးသားရှိတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဇာတ်ကြောင်းကို အတူလိုက်ပြီး ခံစားကြရမှာ ဖြစ်ပါတယ်။

တောင်ပေါ်ကဆင်းပြီး သူ ကြုံတွေ့ရတဲ့ စွန့်စားခန်းတွေက ဘာတွေများ ဖြစ်နေမှာပါလဲ။ သူ့ရဲ့ ခရီးစဉ်တစ်လျှောက်မှာ စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့ မိတ်ဆွေများဖွဲ့မိသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှုပ်ထွေးလှတဲ့ ကျန်းဟူ(သိုင်းလောက)ကြီးမှာ သူဟာ ဘယ်လိုများ အူတူတူလူငယ်လေးတစ်ယောက်ကနေ သူ့ခေတ်သူ့အခါရဲ့ သူရဲကောင်းတစ်ဦး ဖြစ်လာနိုင်မှာပါလဲ။

သူငယ်ချင်းမိတ်ဆွေများကရော သူ့ရဲ့ ရင့်ကျက်ကြီးထွားလာမှုမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်လာမှာပါလဲ။

Wuxia genre ကို ကြည့်ရှုလေ့ရှိတဲ့ ပရိတ်သတ်များအတွက်တော့ ကိုယ့်ဇာတ်ကောင်ရဲ့ ကြီးထွားမှုကို စောင့်ကြည့်ရတာဟာ ဝါသနာတစ်ရပ်ပဲဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် စွန့်စားခန်းထွက်နေရသလို မိတ်ဆွေအပေါင်းအသင်းများနှင့် လက်တွဲကာ အန္တရာယ်အမျိုးမျိုးရင်ဆိုင်ကြပုံတွေကို ကြည့်ရှုချင်ပါတယ်ဆိုရင်ဖြင့် ဒီလူငယ်သိုင်းဇာတ်လမ်းတွဲလေးကို Gold Channel မှာ ကြည့်ရှုလို့ရပါပြီလို့ သတင်းကောင်းပါးလိုက်ပါရစေနော်။

Reviewed by Tsuki-L
Translated by GC Team (中文)

Heroes (2022)
Heroes (2022)
Original title 说英雄谁是英雄
First air date May. 23, 2022
Last air date May. 25, 2022
Seasons 1
Episodes 38
Average Duration 53 minutes

Similar titles

Unlock My Boss
Bad and Crazy
GAP
Joseon Attorney: A Morality
Snap and Spark
Love You Seven Times
Thirty-Nine
The Uncanny Counter
Love in Contract
10 Years Ticket
Celebrity
Wu Assassins (2019)