The Least of These: The Graham Staines Story (2019)
[Drama] [1h 52m]
ပရိသတ်ကြီးရေ…ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတဲ့ အိန္ဒိယ ကားလေးပါ။
Graham Stainesဆိုတဲ့ ဩစတေးလျလူမျိုး ခရစ်ယာန်သာသနာပြုတစ်ယောက် အိန္ဒိယမှာ ဘယ်လိုမျိုး ဖြတ်သန်းခဲ့တယ်ဆိုတဲ့ အကြောင်းကို ရိုက်ထားတာပါ။
3 Idiots ထဲက အားလုံးရဲ့ အချစ်တော် Raju လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီလိုပါ….
၁၉၉၀ ခုနှစ်တွေတုံးက အိန္ဒိယကျေးရွာတွေဘက်မှာ လူမှုရေး မငြိမ်မသက်ဖြစ်နေတဲ့ အချိန်ပါ။
Manav Banerjeeဆိုတဲ့ ဂျာနယ်လစ်တစ်ယောက်ဟာ ကိုယ်ဝန်သည်ဇနီးနဲ့ အဲ့ဒီပြည်နယ်ဘက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
သတင်းသမားတို့ထုံးစံအတိုင်း သူ့အတွက် အကျိုးအမြတ်များမယ့် သတင်းများတဲ့နေရာကို ပြောင်းရွှေ့ခဲ့တာပေါ့။
အဲ့ဒီမှာ Graham Stainesဆိုတဲ့ သာသနာပြုဟာ ဆင်းရဲနွမ်းပါးသူတွေ, အထူးသဖြင့် အနာကြီးရောဂါသည်တွေကို ကူညီသလိုနဲ့ မက်လုံးတွေပေးပြီး ခရစ်ယာန်ဘာသာအဖြစ် ပြောင်းနေတယ်လို့ သတင်းထွက်နေပါတယ်။
အဲ့ဒါနဲ့ Manav ဟာ သူ့အကြောင်း အမှန်တရားကို ဖော်ထုတ်မယ်ဆိုပြီး စုံစမ်းခဲ့ပါတယ်။
အဲ့ဒီမှာ သူတွေ့ရှိလာရတာတွေကတော့ အင်မတန်နက်နဲပြီး ရှင်းပြဖို့တောင် ခက်ခဲတဲ့ အရာတွေဖြစ်နေတဲ့အခါမှာတော့…….
ဒီဇာတ်ကားလေးဟာ မေတ္တာရားရဲ့ စွမ်းအားတွေ, မျှော်လင့်ချက်တွေ, ပြီးတော့ အမုန်းတရားကိုတောင် ကျော်လွှားနိုင်တဲ့ ခွင့်လွှတ်ခြင်းတရားတွေကို လှပစွာ ပုံဖော်ပြီးတော့ ရိုက်ကူးထားပါတယ်။
ဖြစ်ရပ်မှန်ဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်စားစရာလည်းကောင်းပြီး ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါ။
ဗဟုသုတလည်းရ, စဉ်းစားတွေးတောစရာလေးတွေလည်း ပေးတဲ့ ဇာတ်ကားလေးမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်နော်…
IMDb – 6.6/10
Translated by KiKi
Encoded by Ada