What's happening?

Video Sources 3195 Views Report Error

  • Watch traileryoutube.com
  • FHDUnknown resource
  • HDUnknown resource
  • SDUnknown resource
Bahay na Pula

Bahay na Pula

Feb. 25, 2022Philippines102 Min.Not Rated
Your rating: 0
7 1 vote

Synopsis

Bahay Na Pula

အခုနောက်ပိုင်း တိုးတက်လာတဲ့ခေတ်ကြီးမှာ ခေတ်လူငယ်တွေအနေနဲ့ တစ္ဆေသရဲတို စုန်းတို အတိတ်ကံတိုဆိုတာကို မယုံကြတာ များပါတယ်။
ဒါပေမယ့် အထုံပါလာတဲ့သူက ရှိကိုရှိ ခံကိုခံကြရပါတယ်။ ကိုယ့်ပြုခဲ့တဲ့ကံက ကိုယ့်မျိုးဆက်တွေမှာလည်း ခံကြရတာမျိုးလည်း ရှိပါတယ်။
ယခုမိတ်ဆက်ပေးမယ့်ကားကတော့ Bahay Na Pulaလို ခေါ်တဲ့ ဖိလစ်ပိုင်horrorကားဖြစ်ပါတယ်။
ဇာတ်ကားအကြောင်းမပြောခင် ဒီဇာတ်ကားရဲ့နာမည်က ဘယ်ကအခြေခံသလဲဆိုတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေတန်းလျားအဖြစ်အသုံးပြုခဲ့တဲ့ Bahay Na Pula (aka) Red Houseကို မှီငြမ်းထားတာပါ။
ဒုတိယ ကမ္ဘာစစ်တုန်းကတော့ ဂျပန်စစ်သားတွေက နာမည်ဆိုးနဲ့ ကျော်ကြားကြသူတွေကိုး။ ဂျပန်စစ်သားတွေဟာ အနီးအနားမှာ ရှိသမျှ ဖိလစ်ပိုင်ယောက်ျားအားလုံးကို သတ်ပစ်ပြီး မိန်းမတွေကိုတော့ ရိက္ခာထောက်ပံ့ပေးဖို ခိုင်းစေကာ ဒီအိမ်ကြီးအတွင်းမှာပဲ မုဒိန်းကျင့်ကြပါတယ်။ အမေနဲ့သမီးကိုတောင် တစ်ခန်းတည်းမှာပဲ အတူတူ မုဒိန်းကျင့်တာ ငြင်းဆန်တဲ့သူတွေကို သတ်ပစ်တာ ရေနှစ်တာတွေ စတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အိမ်နီကြီးပေါ့။ ထိုအိမ်ကြီးထဲမှာပဲ မိန်းကလေးပေါင်း ၁၀၀၀ကျော်ခန့် မုဒိန်းကျင့်ခံခဲ့ရတယ်လို ဆိုပါတယ်။ အနီးအနားရွာသားတွေရဲ့ ပြောပုံအရတော့ အိမ်ကြီးရဲ့ ပြတင်းပေါက်တွေ ဝရန်တာတွေကနေ မိန်းကလေးဝိဉာဥ်တွေကို တွေ့ရပြီး တစ်ခါတစ်လေဆို ငိုယိုပြီးအကူအညီတောင်းသံတွေပါ ကြားရလေ့ရှိပါတယ်တဲ့။
ဇာတ်ကားအကြောင်းကို ပြန်ဆက်ရမယ်ဆိုရင် Janeဟာ ကိုယ်ဝန်လွယ်ထားရပြီး မိသားစုပိုင်အိမ်သစ်ကလေးကို ကိုယ်ပိုင်စိတ်ကူးနဲ့ ဆောက်လုပ်နေပေါ့။ ဘိုးဘွားပိုင်အိမ်ကြီးကို ရောင်းချပြီး အိမ်ကိုဖြိုချဖိုကိစ္စကြောင့် အဲဒီအိမ်ကြီးဆီ ပြန်သွားရပါတော့တယ်။ အိမ်နီကြီးဆီ ရောက်တဲ့အခါမှာ အိမ်က မနေတာလည်းကြာတော့ ဖုန်တွေတသောသောနဲ့မို Janeရဲ့ယောက်ျားကတော့ အိမ်ကြီးမှာ မအိပ်ချင်ပေမယ့် အနီးအနာမှာလည်း ဟိုတယ်တွေမရှိတာကြောင့် အိပ်လိုက်ရပါတော့တယ်။ လျှိဝှက်ချက်ရှိတွေရှိတဲ့ အိမ်ကြီးမှာ Janeဟာ ရှေးခေတ်gamophoneကို လက်ဆော့ပြီး သွားဖွင့်မိတဲ့နောက် အိပ်မက်ဆိုး စမက်ပါတော့တယ်။ ကိစ္စတွေမပြီးပြတ်ခင်မှာပဲ Janeရဲ့ယောက်ျားဟာ အလုပ်ကိစ္စနဲ့ ပြန်သွားရတာကြောင့် Janeနဲ့ အိမ်ဖော်ကြီးနဲ့ နှစ်ယောက်ပဲ အိမ်နီကြီးထဲမှာ ကျန်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Janeဟာ အိမ်ကြီးရဲ့ ထူးဆန်းမှုတွေနဲ့ တစ်ယောက်တည်း ရင်ဆိုင်ရပါတော့တယ်။ Janeတစ်ယောက် ဘာတွေတွေ့ကြုံရမလဲ အန္တရာယ်တွေကနေရော ကျော်လွှားနိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။

Translated by Keith&Drunk

Reviewed by Keith

Original title Bahay na Pula
IMDb Rating 6.2 6 votes
TMDb Rating 4 1 votes

Similar titles

Watcher
Hantu Kak Limah 2018
The Secret of Sinchanee (2021)
Recovery
Minxiong Haunted House
Satan’s Slaves 2: Communion
Haru Malam
Books of Blood ( 2020 )
Jessie
Prisoners of the Ghostland (2021)
Climax (2018) မြန်မာစာတမ်းထိုး
In My Mother’s Skin